bible.software › ယေရမိအနာဂတ္တိကျမ်း › ယေရမိအနာဂတ္တိကျမ်း 49 › ယေရမိအနာဂတ္တိကျမ်း 49:38
ယေရမိအနာဂတ္တိကျမ်း 49:38
ဧလံပြည်၌ ငါ၏ပလ္လင်ကို တည်ထား၍၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
1835 Judson Burmese Bible
In The King James Version
And I will set my throne in Elam, and will destroy from thence the king and the princes, saith the LORD.
In Context
37ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ၎င်း၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ၎င်း၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာသော ငါ၏အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည်။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
39သို့ရာတွင်၊သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Read all of ယေရမိအနာဂတ္တိကျမ်း 49
Cross References
Psalms 9:5တပါးအမျိုးသားတို့ကို ဆုံးမတော်မူပြီ။ ဆိုးသော သူတို့ကို ဖျက်ဆီး၍ သူတို့ နာမကိုကာလအစဉ်အဆက် ချေဖျောက်တော်မူပြီ။
Daniel 7:9ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုဃ်းပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသော သိုးမွှေးနှင့်တူ၏။ ပလ္လင် တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက် လှည်းဘီးရှိ၏။
This Verse In Other Editions
Study ယေရမိအနာဂတ္တိကျမ်း 49:38