Daniel 8:10
ကောင်းကင် ဗိုလ်ခြေ တိုင်အောင် ကြီးမား ၍ ၊ ထိုဗိုလ်ခြေ အချို့တို့နှင့် ကြယ် အချို့တို့ကို မြေ သို့ ချ ၍ နင်း လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 14:13သင် ကလည်း ၊ ကောင်းကင် ပေါ် သို့ ငါ တက် မည်။ ဘုရား သခင်၏ ကြယ် တို့အပေါ် မှာ ငါ့ ပလ္လင် ကို ငါချီးမြှောက် မည်။ မြောက် မျက်နှာဘက်၊ ဗျာဒိတ်တော် တောင် ပေါ် မှာ ငါထိုင် မည်။
Daniel 8:7အနားသို့ ရောက် သောအခါ၊ ပြင်းစွာ အမျက်ထွက် သဖြင့် သိုး ကို ခတ် ၍ သိုးချို နှစ် ချောင်းကို ချိုးဖဲ့ ၏။ သိုး သည်ခံနိုင် သော တန်ခိုး မ ရှိ သည်ဖြစ်၍ ၊ ဆိတ်သည် သူ့ ကိုမြေ ၌ လှဲ ၍ နင်း လေ၏။ သူ့ လက် မှ အဘယ်သူမျှသိုး ကို မ ကယ် မလွှတ်နိုင်။
Daniel 11:28တဖန် မြောက်ရှင်ဘုရင်သည် များစွာ သော စည်းစိမ် ဥစ္စာပါ လျက် မိမိ ပြည် သို့ ပြန် ၍သွားစဉ်တွင်၊ သန့်ရှင်း သော ပဋိညာဉ် တရားကို မနာလိုသောစိတ် ရှိသည်အတိုင်း ပြု ပြီးမှ မိမိ ပြည် သို့ ပြန် သွားလိမ့်မည်။
Daniel 11:33လူစု ထဲမှာ ပညာ ရှိသောသူတို့ သည် အများ သောသူတို့ ကို သွန်သင် ကြလိမ့်မည်။ ထား နှင့်ကွယ်မျက်ခြင်း၊ မီး ရှို့ခြင်း၊ သိမ်း သွားချုပ်ထားခြင်း၊ လုယက် ခြင်း အားဖြင့် အင်တန်ကာလ ပတ်လုံး လဲ ကြလိမ့်မည်။