Daniel 8:4
ထိုသိုး သည် အနောက် ၊ တောင် ၊ မြောက် ၊ သုံး မျက်နှာသို့ တိုးခွေ့ သောကြောင့်အဘယ် တိရစ္ဆာန် မျှ မ ခံနိုင် ၊ အဘယ်သူ မျှသူ့ လက် မှမကယ် မလွှတ်နိုင်သည် ဖြစ်၍မိမိအလို ရှိသည့်အတိုင်း ပြု သဖြင့် ကြီးမား ခြင်းသို့ ရောက်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 10:7အကျွန်ုပ်သည် လူဆိုး မ ဟုတ်ကြောင်း နှင့် လက် တော်မှ အဘယ် သူမျှမကယ် မနှုတ်နိုင်ကြောင်းကို သိ တော်မူ၏။
Psalms 50:22ဘုရား သခင်ကို မေ့လျော့ သောသူတို့၊ ဤ အမှုကို ဆင်ခြင် ကြလော့။ သို့မဟုတ် သင်တို့ကိုကယ်နှုတ် သော သူမ ရှိ။ ငါသည် အပိုင်းပိုင်းဆွဲ ဖြတ်မည်။
Isaiah 45:1အကြင်သူ၏ရှေ့မှာ အပြည်ပြည် တို့ကို နှိမ့်ချ ၍၊ ရှင်ဘုရင် တို့ကို တန်ဆာ ချွတ် လျက်၊ အတွင်းတံခါး တို့ကို မ ပိတ် ရဘဲ၊ နှစ်ရွက်ရှိသောတံခါး တို့ကို ဖွင့် ခြင်းငှါ ၊ အကြင်သူ ၏ လက်ျာလက် ကို ငါထောက်မ ၏။ ထိုသူ တည်းဟူသောကုရုမင်း ၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက် ခံသောမင်း အား မိန့် တော်မူသည်ကား၊
Jeremiah 50:1ထာဝရဘုရား သည် ဗာဗုလုန် မြို့နှင့်ခါလဒဲ ပြည် ကို ရည်မှတ် ၍၊ ပရောဖက် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား ဟူမူကား၊
Daniel 5:19ပေး သနားတော်မူသော ထိုရွှေဘုန်း တော်မြတ် ကြောင့် ၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသော လူမျိုး တကာ တို့သည် ရှေ့ တော်၌ ကြောက်ရွံ့ တုန်လှုပ် လျက် နေကြ၏။ သတ်လို သော သူတို့ ကိုသတ် တော်မူ၏။ အသက်ရှင်စေလို သော သူတို့ ကို ရှင် စေတော်မူ၏။ ချီးမြှောက်လို သော သူတို့ ကို ချီးမြှောက် တော်မူ၏။ နှိမ့်ချလို သော သူတို့ကို နှိမ့်ချ တော်မူ၏။
Daniel 7:5တဘက် ၌ ကိုယ်ကိုကိုယ်ချီ ကြွ၏။ ပစပ် ၌ နံရိုး သုံး ချောင်းကို ကိုက်လျက်ရှိ၏။ သင်ထ လော့။ အသား များကို ကိုက်စား လော့ဟု သူ့အား ပြော ကြ၏။