Isaiah 45:1
အကြင်သူ၏ရှေ့မှာ အပြည်ပြည် တို့ကို နှိမ့်ချ ၍၊ ရှင်ဘုရင် တို့ကို တန်ဆာ ချွတ် လျက်၊ အတွင်းတံခါး တို့ကို မ ပိတ် ရဘဲ၊ နှစ်ရွက်ရှိသောတံခါး တို့ကို ဖွင့် ခြင်းငှါ ၊ အကြင်သူ ၏ လက်ျာလက် ကို ငါထောက်မ ၏။ ထိုသူ တည်းဟူသောကုရုမင်း ၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက် ခံသောမင်း အား မိန့် တော်မူသည်ကား၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 19:15ထာဝရဘုရား က၊ ဒမာသက် တော သို့ ပြန် ၍ ခရီး သွား လော့။ ရောက် သောအခါ ဟာဇေလ ကို ရှုရိ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
Ezra 1:2ပေရသိ ရှင်ဘုရင် ကုရု မင်းမိန့် တော်မူသည် ကား၊ ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား သည်၊ မြေကြီး ပေါ်မှာ တိုင်း နိုင်ငံရှိသမျှ တို့ကို ငါ့ အား ပေး တော်မူသည်ဖြစ်၍၊ ယုဒ ပြည်ယေရုရှလင် မြို့၌ အိမ် တော်ကို ငါ တည် ဆောက်ရမည်အကြောင်း မှာ ထား တော်မူပြီ။
Psalms 73:23သို့သော်လည်း အကျွန်ုပ် သည် ကိုယ်တော် ထံမှာ အစဉ် ရှိ၍၊ အကျွန်ုပ် ၏လက်ျာ လက် ကို ဆွဲကိုင် တော်မူ၏။
Isaiah 13:3ငါ သန့်ရှင်း စေသောသူတို့ ကို ငါ မှာ ထားပြီ။ ငါ ပေးသောဘုန်း အာနုဘော်ကြောင့် ဝမ်းမြောက် သောသူ၊ ငါ ၏သူရဲ တို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါ် ပြီ။
Isaiah 41:13အကြောင်း မူကား၊ သင် ၏ဘုရား သခင်ထာဝရဘုရား က၊ မ စိုးရိမ် နှင့်။ ငါ မစ မည်ဟု သင့် အား ဆို လျက်၊ သင် ၏လက်ျာ လက်ကို ကိုင် မည်။
Isaiah 42:6ငါ ထာဝရဘုရား သည် သင့် ကို တရား သဖြင့် ခေါ် ထားသည်ဖြစ်၍၊ လက် ဆွဲ လျက် ထောက်မ မည်။