Daniel 9:14
ထို့ကြောင့် ၊ ထာဝရဘုရား သည် ဘေးဥပဒ် ကို စောင့်၍၊ အကျွန်ုပ် တို့အပေါ် သို့ရောက် စေတော်မူပြီ။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ပြု တော်မူသမျှ တို့၌ ဖြောင့်မတ် တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံ ကို နား မ ထောင်ဘဲ နေကြပါပြီ တကား။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 9:27ထိုအခါ ဖါရော ဘုရင်သည် လူကိုစေလွှတ် ၍ ၊ မောရှေ နှင့် အာရုန် ကို ခေါ် ပြီးလျှင် ၊ ဤအမှု၌ ငါပြစ်မှား ပြီ။ ထာဝရဘုရား သည် ဖြောင့်မတ် တော်မူ၏။ ငါ နှင့် ငါ ၏လူ တို့သည် အပြစ် များပါ၏။
Nehemiah 9:33ကိုယ်တော် မူကား အကျွန်ုပ် တို့အပေါ် သို့ရောက် စေသမျှ သော အမှု၌ တရား တော်မူ၏။ အကျွန်ုပ် တို့သည် မ တရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင် တော်မူပြီ။
Psalms 111:7လက် တော်နှင့်ပြုသောအမှု တို့သည် သစ္စာ နှင့် ၎င်း၊ တရား နှင့်၎င်း ယှဉ်ကြ၏။ ပညတ် တော် အလုံးစုံ တို့သည် ဖေါက်ပြန် ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
Jeremiah 4:17လယ် ကိုစောင့် သောသူများကဲ့သို့ ၊ ထိုသူတို့သည် ယုဒ ပြည်ကို ဝန်းရံ ကြ၏။ အကြောင်း မူကား၊ ထိုပြည် သည် ငါ့ ကို ပုန်ကန် ပြီ။
Jeremiah 31:28ငါသည် သူ တို့ကို နှုတ်ပယ် ဖြိုချ မှောက်လှန် ဖျက်ဆီး ညှဉ်းဆဲ ခြင်းအမှုကို ပြု ဘူးသည်နည်းတူ ၊ တဖန် တည်ဆောက် စိုက်ပျိုး ခြင်းအမှုကို ပြု ဦးမည်ဟု မိန့် တော်မူ ၏။
Lamentations 1:5သူ ပြစ်မှားသော အပြစ် များပြား သောကြောင့် ထာဝရဘုရား သည် ဒဏ်ခတ် တော်မူသဖြင့်၊ သူ နှင့် ဆန့်ကျင် ဘက်ပြုသောသူတို့ သည် အစိုးရ ၍ ၊ သူ ၏ရန်သူ တို့ သည်ကောင်းစား ကြပြီ။ သူ ၏သားသမီး တို့ကိုလည်း ရန်သူ သိမ်း သွား ပြီ။