Daniel 9:15
တန်ခိုး ကြီးသောလက် တော်ဖြင့် ကိုယ်တော် ၏ လူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍ ၊ ယနေ့ ၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသောအကျွန်ုပ် တို့၏ အရှင် ဘုရား သခင်၊ အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ မ တရားသဖြင့်ပြုမိပါပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 6:1ထာဝရဘုရား ကလည်း ၊ ငါသည် ဖါရော မင်း၌ အဘယ်သို့ ပြု မည်ကို သင်သည် ယခု သိ လိမ့်မည်။ သူသည် ကြီးစွာ သောတန်ခိုး ကို တွေ့မြင်၍၊ ငါ၏လူ တို့ကို လွှတ် ရလိမ့်မည်။ ကြီးစွာ သော တန်ခိုး ကို တွေ့မြင်၍ သူ တို့ကို မိမိ ပြည် မှ နှင် ရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
Exodus 9:16အကယ်စင်စစ်ငါ့ တန်ခိုး ကို သင် ၌ ငါပြ ခြင်းငှါ ၎င်း၊ ငါ့ နာမ ကို မြေကြီး တပြင်လုံး တွင် ကျော်စော စေ ခြင်းငှါ ၎င်း၊ သင့် ကို ငါချီးမြှောက် ခဲ့ပြီ။
Exodus 13:9ထာဝရဘုရား ၏ တရား သည်၊ သင် ၏နှုတ် ၌ တည် မည်အကြောင်း ၊ ဤအရာသည် သင် ၏လက် ၌ လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ အောက်မေ့ ဘို့ရာဖြစ် ရမည်။ အားကြီး သောလက် တော်ဖြင့် ထာဝရဘုရား သည်၊ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီ။
Exodus 13:16ဤအရာသည်လည်း၊ သင် ၏လက္ခဏာ သက်သေ၊ သင် ၏မျက်စိ ကြား မှာ သင်းကျပ် ဖြစ် ရမည်။ အကြောင်းမူကား ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူပြီဟု လူ များတို့အား ပြောဆို လေ၏။
Exodus 14:18ထိုသို့ ဖာရော ဘုရင်နှင့် သူ ၏ရထား များ၊ မြင်းစီးသူရဲ များအားဖြင့် ငါ့ ဘုန်းပွင့် သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်းကို ၊ အဲဂုတ္တု လူတို့သည် သိရ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
1 Kings 8:51ကိုယ်တော် ၏ ကျွန် မှစ၍ကိုယ်တော် ၏လူ ဣသရေလ အမျိုးသားဆုတောင်း ပဌနာပြုသော စကား အလုံးစုံ တို့ကို နားထောင် ခြင်းငှါ ကြည့်ရှု မှတ်ယူတော်မူပါ။