Daniel 9:16
အိုဘုရား ရှင်၊ ဖြောင့်မတ် တော်မူခြင်း တရား တော်ရှိသမျှ တို့နှင့်အညီ ၊ သန့်ရှင်း သော တောင် တော် တည်းဟူသောကိုယ်တော် ၏ ယေရုရှလင် မြို့ မှ ပြင်းစွာသော ဒေါသ အမျက် တော်ကို လွှဲ တော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်း မူကား၊ အကျွန်ုပ် တို့ အပြစ် များမှစ၍ဘိုးဘေး တို့၏ အပြစ် များကြောင့် ၊ ယေရုရှလင် မြို့နှင့် ကိုယ်တော် ၏လူစု သည် ပတ်ဝန်းကျင် ၌ရှိသောသူတို့ တွင် ကဲ့ရဲ့ စရာအကြောင်းဖြစ်ပါ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 26:39ကျန် ကြွင်းသော သင် တို့သည်၊ ရန်သူ ပြည် ၌ ကိုယ် အပြစ် ၊ ဘိုးဘ တို့အပြစ် ကိုခံ လျက်၊ ဘိုးဘနှင့်တကွ အားလျော့ ကြလိမ့်မည်။
1 Kings 9:7ဣသရေလ အမျိုးကို ငါပေး သော ပြည် မှ ငါပယ်ဖြတ် မည်။ ငါ့ နာမ ဘို့ ငါသန့်ရှင်း စေသော ဤအိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ ဣသရေလ အမျိုးသည် လည်း တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာ ကဲ့ရဲ့ ရာဖြစ် ရ လိမ့်မည်။
Psalms 31:1အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ ၏။ ရှက်ကြောက် ခြင်းနှင့် အစဉ် ကင်းလွတ် ပါစေသော။ တရား တော်နှင့်အညီ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
Psalms 71:2တရား တော်နှင့်အညီ အကျွန်ုပ် ကို နှုတ်ယူ ၍ လွှတ် တော်မူပါ။ နား တော်ကို အကျွန်ုပ် ဘက်သို့ လှည့် ၍ ကယ်တင် တော်မူပါ။
Psalms 87:1ဘုံ ဗိမာန ်တော်တိုက်မြစ် သည် သန့်ရှင်း သော တောင် ရိုးပေါ် မှာ တည်လျက်ရှိ၏။
Psalms 106:6အကျွန်ုပ် တို့သည် ဘိုးဘေး တို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက် ကို ပြုကြပါပြီ။ မ တရားသောအမှုကို ပြုကြပါပြီ။