Daniel 9:24
လွန်ကျူး ခြင်းအမှုကို ဆီးတား ၍ အပြစ် ကို တံဆိပ်ခတ်စေခြင်းငှါ ၎င်း ၊ ဒုစရိုက် အပြစ်ကို ဖြေရှင်း ၍ ထာဝရ ကုသိုလ်ကို သွင်း စေခြင်းငှါ ၎င်း ၊ ဗျာဒိတ် ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ် ခတ်၍ ၊ အလွန် သန့်ရှင်း သော အရပ်ဌာနကိုလိမ်း စေခြင်းငှါ ၎င်း ၊ သိတင်း ခုနစ် ဆယ်ကို သင် ၏ အမျိုးသား ချင်းအဘို့ နှင့် သင် ၏ သန့်ရှင်း သောမြို့ အဘို့ ဆုံးဖြတ် ခြင်းရှိ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 8:15နွားကိုသတ် ၍ ၊ မောရှေ သည် ယဇ် ပလ္လင်ပတ်လည် ဦးချို တို့၌ အသွေး ကို လက်ညှိုး နှင့် ယူ ၍ ထည့် သဖြင့် ၊ ယဇ် ပလ္လင်ကို စင်ကြယ် စေပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်း စေ၏။
Numbers 14:34ထိုပြည် ကို စူးစမ်း ရာ နေ့ ရက်ပေါင်း အရက် လေးဆယ် နှင့်အညီ၊ တရက် ကို တနှစ် ထား၍၊ အနှစ် လေးဆယ် ပတ်လုံးကိုယ် အပြစ် ကိုဆောင် လျက်၊ ငါ့ စွန့်ပစ် ခြင်းကို သိ ရကြလိမ့်မည်။
Psalms 2:6ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်း သော ဇိအုန် တောင် တော်ပေါ် မှာ၊ ငါ့ ကိုယ်တိုင်ဘိသိတ် ပေးပြီဟု မိန့်တော်မူ မည်။
Isaiah 42:4မြေကြီး ပေါ် မှာ တရား တော်ကို မ တည် စေမှီတွင် အား မ လျော့၊ စိတ် လည်း မ ပျက်ရ။ သူ ၏တရား ကိုလည်း ၊ တကျွန်း တနိုင်ငံသားတို့သည် မြော်လင့် ကြလိမ့်မည်။
Isaiah 51:8အကြောင်း မူကား၊ ပိုးရွ တို့သည် သိုးမွှေး အဝတ် ကို ကိုက်စား သကဲ့သို့ ၊ ထိုသူတို့ကို ကိုက်စား ဖျက်ဆီးကြ လိမ့်မည်။ ငါ ၏ဖြောင့်မတ် ခြင်းတရားမူကား နိစ္စ ထာဝရ ဖြစ် ၍ ၊ ငါ ၏ ကယ်တင် ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း။
Isaiah 53:11မိမိ စိတ် ဝိညာဉ်ခံရသောဝေဒနာ ၏အကျိုးကို မိမိမြင် ၍ အား ရလိမ့်မည်။ ထိုဖြောင့်မတ် သော ငါ ၏ကျွန် ကို သိကျွမ်း ခြင်းအားဖြင့် ၊ သူသည် အများ သောသူတို့ ကို ဖြောင့်မတ် ရာ၌ တည်စေလိမ့်မည်။ သူ တို့၏အပြစ် ကို ကိုယ်တိုင် ဆောင်ရွက် ရ၏။