Isaiah 51:8
အကြောင်း မူကား၊ ပိုးရွ တို့သည် သိုးမွှေး အဝတ် ကို ကိုက်စား သကဲ့သို့ ၊ ထိုသူတို့ကို ကိုက်စား ဖျက်ဆီးကြ လိမ့်မည်။ ငါ ၏ဖြောင့်မတ် ခြင်းတရားမူကား နိစ္စ ထာဝရ ဖြစ် ၍ ၊ ငါ ၏ ကယ်တင် ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 4:19သို့ဖြစ်လျှင် မြေမှုန့် ၌ တည်၍ မြေ ထဲတွင် နေ တတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူ တို့ကို ပိုးရွ ပင်နိုင်တတ်၏။
Isaiah 45:17ဣသရေလ အမျိုးမူကား၊ ထာဝရဘုရား အားဖြင့် ထာဝရ ကယ်တင် ခြင်းသို့ ရောက်၍၊ သင်တို့သည် ရှက် ကြောက်ခြင်း၊ မှိုင်တွေ ခြင်းနှင့် ကမ္ဘာအဆက်ဆက် ကင်းလွတ် ကြလိမ့်မည်။
Isaiah 50:9ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူမည်။ အဘယ်သူ သည် ငါ့ ကို တရား ရှုံးစေ မည်နည်း။ ထိုသို့သော သူ အပေါင်း တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုး ကိုက်စား ခြင်း ကိုလည်း ခံရကြလိမ့်မည်။
Isaiah 54:9နောဧ လက်ထက်၌ လွှမ်းမိုးသောရေ ကို ငါသည် မှတ်၍၊ ထိုရေ သည် မြေကြီး ကို နောက် တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆို ခြင်းကို ပြုသည်နည်းတူ ၊ သင့် ကို အမျက် မထွက်၊ မဆုံးမ ဟု ကျိန်ဆို ခြင်းကို ပြုပြီ။
Daniel 9:24လွန်ကျူး ခြင်းအမှုကို ဆီးတား ၍ အပြစ် ကို တံဆိပ်ခတ်စေခြင်းငှါ ၎င်း ၊ ဒုစရိုက် အပြစ်ကို ဖြေရှင်း ၍ ထာဝရ ကုသိုလ်ကို သွင်း စေခြင်းငှါ ၎င်း ၊ ဗျာဒိတ် ရူပါရုံနှင့် အနာဂတ္တိ ဗျာဒိတ်တော်တို့ကို တံဆိပ် ခတ်၍ ၊ အလွန် သန့်ရှင်း သော အရပ်ဌာနကိုလိမ်း စေခြင်းငှါ ၎င်း ၊ သိတင်း ခုနစ် ဆယ်ကို သင် ၏ အမျိုးသား ချင်းအဘို့ နှင့် သင် ၏ သန့်ရှင်း သောမြို့ အဘို့ ဆုံးဖြတ် ခြင်းရှိ၏။
Luke 1:50ထာဝရ ဘုရားကို ကြောက်ရွံ့ သောသူ တို့သည် သနား တော်မူခြင်း ကျေးဇူးကိုအစဉ်မပြတ် ခံစားကြ၏။