Daniel 9:5
အကျွန်ုပ်တို့သည် ပြစ်မှား မိပါပြီ။ ဒုစရိုက် ကို ပြုမိ ပါပြီ။ မ တရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန် မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသောတရား လမ်းမှ လွှဲ မိပါပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 8:47သိမ်း သွားသော ရန်သူ တို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
2 Kings 21:15အကြောင်း မူကား ဘိုးဘေး တို့သည် အဲဂုတ္တု ပြည်က ထွက် သော နေ့ မှစ၍ ယနေ့ တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ ရှေ့ မှာ ဒုစရိုက် ကို ပြု ၍ ငါ့ အမျက် ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏
Ezra 9:6အို အကျွန်ုပ် ဘုရား သခင်၊ ကိုယ်တော်သို့ မမျှော် မ ကြည့်ဝံ့၊ ရှက်ကြောက် ၍ မျက်နှာနီပါ၏။ အကျွန်ုပ် ဘုရား သခင်၊ အကျွန်ုပ် တို့ ပြုမိသော ဒုစရိုက် တို့သည် အကျွနုပ်တို့ ခေါင်း ပေါ် မှာ အထပ်ထပ် လွှမ်းမိုး၍ ၊ ကြီးစွာသော အပြစ် သည် မိုဃ်းကောင်းကင် သို့ မှီ ပါ၏။
Nehemiah 9:33ကိုယ်တော် မူကား အကျွန်ုပ် တို့အပေါ် သို့ရောက် စေသမျှ သော အမှု၌ တရား တော်မူ၏။ အကျွန်ုပ် တို့သည် မ တရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင် တော်မူပြီ။
Psalms 106:6အကျွန်ုပ် တို့သည် ဘိုးဘေး တို့နှင့်အတူ ပြစ်မှား ကြပါပြီ။ ဒုစရိုက် ကို ပြုကြပါပြီ။ မ တရားသောအမှုကို ပြုကြပါပြီ။
Isaiah 53:6ငါ တို့ရှိသမျှ သည် သိုး ကဲ့သို့ လမ်းလွဲ လျက်၊ ကိုယ် လမ်း သို့ အသီးအသီး လိုက်သွား ကြသည်ဖြစ်၍ ၊ ထာဝရဘုရား သည် ခပ်သိမ်း သော ငါ တို့၏အပြစ် များကို သူ့ အပေါ် ၌ တင် တော်မူ၏။