Daniel 9:4
ထိုသို့ အပြစ်ကို ဘော်ပြ တောင်းပန်၍ ငါ ကိုးကွယ်သော ဘုရား သခင်ထာဝရဘုရား ထံ ငါပြုသောပဌနာ ဟူမူကား ၊ ကိုယ်တော် ကိုချစ် ၍ ပညတ် တော်တို့ကို စောင့် သောသူတို့ အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့် တော်မူထသော၊ အလွန် ကြီးမြတ်၍ ကြောက်ရွံ့ ဘွယ်ဖြစ်တော်မူသောအရှင် ဘုရား သခင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 34:6ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
Numbers 14:18အကျွန်ုပ် တို့၏ဘုရားရှင် တန်ခိုး တော်သည်ကြီး ပါစေသော။
Deuteronomy 7:9သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား ၊ သစ္စာ စောင့်သောဘုရား ၊ ကိုယ်တော် ကို ချစ် ၍ ပညတ် တော်တို့ကို စောင့်ရှောက် သောသူတို့ ၏ အမျိုး အစဉ်အဆက် အထောင် အသောင်းတိုင်အောင် ပဋိညာဉ် စကားတည် ၍ ကရုဏာ ကို ပြသောဘုရား၊
Deuteronomy 7:21သူ တို့ကြောင့် ထိတ်လန့် ခြင်း မ ရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး ၍ ကြောက်မက် ဘွယ်သောသင် ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့တွင် ရှိတော်မူ ၏။
1 Kings 8:47သိမ်း သွားသော ရန်သူ တို့၏ ပြည် ၌ နေစဉ်၊ စိတ် နှလုံးအကြွင်းမဲ့ အထံ တော်သို့ပြန် လာ၍ ၊ ဘိုးဘေး တို့အား ပေး တော်မူသော ပြည် ၊ ရွေး တော်မူသော မြို့ ၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက် သော အိမ် တော်ကို မှီခိုလျက် ဆုတောင်း လျှင် ၎င်း၊
Nehemiah 1:5အို ကောင်းကင် ဘုံ၏အရှင် ဘုရား သခင်ထာဝရဘုရား ၊ ကြီးမြတ် ၍ ကြောက်မက် ဘွယ်သော ဘုရား ၊ ပညတ် တော်တို့ကို နှစ်သက် ၍ ကျင့် စောင့်သောသူတို့ နှင့် ဖွဲ့သော ကရုဏာ ပဋိညာဉ် ကို မဖျက်၊ တည် စေ တော်မူသောဘုရား၊