တရားဟောရာကျမ်း 13:18
ယနေ့ ငါ မှာ ထားသည်အတိုင်း သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍ ပညတ် တော်အလုံးစုံ တို့ကို ကျင့် သဖြင့် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် တော်မူဘွယ်ပြု သောအခါ ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 7:26စက်ဆုပ် ရွံရှာဘွယ်သောအရာကို သင့် အိမ် ထဲသို့ မ သွင်း ရ။ သွင်းလျှင် ၊ သင်သည် ထို အရာကဲ့သို့ ကျိန် အပ် သောအရာ ဖြစ် မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင် သည် အကြွင်းမဲ့စက်ဆုပ် ရွံရှာရမည်။ ကျိန် အပ် သော အရာပင်ဖြစ်ပေ၏။
Deuteronomy 12:28သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍ သားမြေး အစဉ်အဆက် တို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ ငါ မှာထား သမျှ သော ဤ စကား တို့ကို စေ့စေ့နားထောင် ၍ စောင့်ရှောက် လော့။
Joshua 7:26သူ့ အပေါ် ၌ များစွာ သော ကျောက် တို့ကို ပုံ ထား ကြ၍ ယနေ့ တိုင်အောင် ရှိ၏။ ထာဝရဘုရား သည်လည်း အမျက် တော်အရှိန် ကို ငြိမ်း စေတော်မူ၏။ ထို အမှုကို အစွဲပြု ၍ ထို ချိုင့် ကို ယနေ့ တိုင်အောင် အာခေါ် ချိုင့် ဟု ခေါ်ဝေါ် ကြသတည်း။
Matthew 6:33ဘုရားသခင် ၏နိုင်ငံ တော်နှင့် ဖြောင့်မတ် ခြင်းတရားတော်ကို ရှေးဦးစွာ ရှာ ကြလော့။ နောက်မှ ထိုအရာ များကို ထပ် ၍ပေးတော်မူလတံ့။
Matthew 7:24အကြင်သူ သည်ငါ ဟောပြောသော ဤ စကား ကို ကြား၍နားထောင် ၏။ ထိုသူ သည် ကျောက် ပေါ်မှာ အိမ် ဆောက် သော ပညာရှိ နှင့် တူကြောင်းကို ငါပုံပြ မည်။