The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 13

1သင် တို့တွင် ပရောဖက် ပြုသောသူ၊ အိပ်မက် ကို မြင် သောသူသည် ပေါ် လာ၍၊

2သင်တို့မ သိ သော အခြား တပါးသောဘုရား ကို ဆည်းကပ် ၍ ဝတ်ပြု ကြစို့ဟု ပြော ဆိုလျက် ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုကို ပေး ၍ ၊ ထိုနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုသည် ပြည့်စုံသော်လည်း၊

3ထို ပရောဖက် ပြုသောသူ၊ အိပ်မက် ကို မြင် သောသူတို့ ၏ စကား ကို နား မ ထောင်ရ။ အကြောင်း မူကား၊ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ချစ် သည်မချစ်သည်ကို၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် စုံစမ်း တော်မူ၏။

4သင် တို့၏ ဘုရားသခင် ထာဝရဘုရား နောက် တော်သို့ လိုက် ရကြမည်။ ကြောက်ရွံ့ သောစိတ်နှင့် ပညတ် တော်တို့ကို စောင့် ရကြမည်။ စကား တော်ကို နားထောင် လျက် ဝတ်ပြု ၍ ၊ ကိုယ်တော် ၌ ဆည်းကပ်မှီဝဲ ရ ကြမည်။

5ကျွန် ခံနေရာအဲဂုတ္တု ပြည် မှ သင် တို့ကို ကယ်နှုတ် ဆောင်ယူ ခဲ့တော်မူသော သင် တို့၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ၎င်း၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင်တို့လိုက် စရာဘို့ မှာ ထား တော်မူသော လမ်း မှ ထွက် စေခြင်းငှာ၎င်း ဟောပြော သောကြောင့် ၊ ထို ပရောဖက် ပြုသူနှင့် အိပ်မက် မြင် သူတို့ သည် အသေ သတ်ခြင်းကိုခံ ရကြမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို သင် တို့အထဲ က ပယ်ရှင်း ရကြမည်။

6သင် ၏ညီအစ်ကို ရင်း၊ သင် ၏သား သမီး ၊ သင် ၏ ရင်ခွင် ၌နေသောမယား ၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေး တို့လည်း မ သိ သော အခြား တပါးသော ဘုရား ၊

7သင့် ပတ်လည် အနီး အဝေး ၌ နေသောသူ၊ မြေကြီး စွန်း တဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ်သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေးဆောင် လျှင်၊

8သင်သည် ဝန် မ ခံရ။ သူ ၏စကားကို နား မ ထောင်ရ။ သူ့ ကို မြင် သောအခါ မ သနား ရ။ နှမြော သဖြင့် ဖွက် ၍ မ ထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။

9သူ သည် အသေ သတ်ခြင်းကိုခံ စိမ့်သောငှာ၊ သင် သည် အဦး ပြုပြီးမှ ၊ လူ အပေါင်း တို့သည် ပြု ရကြမည်။

10ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင် တို့ကို နှုတ်ဆောင် တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ကြံစည် သောကြောင့် ၊ ထိုသူ ကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။

11ထိုသိတင်းကို ဣသရေလ အမျိုးသားအပေါင်း တို့ သည် ကြား ၍ ၊ ထိုသို့ သော အဓမ္မ အမှု ကို သင် တို့တွင် နောက် တဖန်မ ပြု ဝံ့ ဘဲနေကြလိမ့်မည်။

12အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊

13အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကြစို့ဟု ပြောဆို လျက် ၊ သူ တို့မြို့သူ မြို့သားတို့ကို သွေးဆောင် ကြောင်းကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် နေ စရာဘို့ ပေး တော်မူသောမြို့ တစုံ တမြို့၌ သင်သည် သိတင်းကြား လျှင် ၊ ထို အမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။

14သိတင်း ကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန်၍၊ ထိုသို့ သော စက်ဆုပ် ဘွယ်အမှုကို သင် တို့တွင် အမှန် ပြု မိလျှင်၊

15ထို မြို့သူ မြို့သားတို့ကို ထား နှင့် လုပ်ကြံ ရမည်။ မြို့ မှစ၍ မြို့၌ရှိသောလူ နှင့် တိရစ္ဆာန် အပေါင်း တို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ရမည်။

16လုယူ ရာဥစ္စာရှိသမျှ ကို မြို့ လမ်းမအလယ် ၌ စုပုံ ၍ ၊ ထိုမြို့ နှင့်တကွ လုယူ ရာဥစ္စာရှိသမျှ ကို သင် ၏ ဘုရားသခင် ထာဝရဘုရား အဘို့ မီး ရှို့ ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံ ဖြစ် ရမည်။ နောက် တဖန် မ တည် မဆောက်ရ။

17ထာဝရဘုရား သည် အမျက် တော်အရှိန် ကို ငြိမ်းစေ၍၊ သင် ၏ဘိုးဘေး တို့အား ဂတိတော်ရှိသည် အတိုင်း၊ သင့် ကို ကယ်မ သနားတော်မူသဖြင့် များပြား စေတော်မူမည်အကြောင်း၊ ကျိန် အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။

18ယနေ့ ငါ မှာ ထားသည်အတိုင်း သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍ ပညတ် တော်အလုံးစုံ တို့ကို ကျင့် သဖြင့် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် တော်မူဘွယ်ပြု သောအခါ ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။

← တရားဟောရာကျမ်း 12Read In The App, Free →တရားဟောရာကျမ်း 14 →

Study တရားဟောရာကျမ်း 13

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334