တရားဟောရာကျမ်း 13:5
ကျွန် ခံနေရာအဲဂုတ္တု ပြည် မှ သင် တို့ကို ကယ်နှုတ် ဆောင်ယူ ခဲ့တော်မူသော သင် တို့၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ၎င်း၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင်တို့လိုက် စရာဘို့ မှာ ထား တော်မူသော လမ်း မှ ထွက် စေခြင်းငှာ၎င်း ဟောပြော သောကြောင့် ၊ ထို ပရောဖက် ပြုသူနှင့် အိပ်မက် မြင် သူတို့ သည် အသေ သတ်ခြင်းကိုခံ ရကြမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို သင် တို့အထဲ က ပယ်ရှင်း ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 6:13သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ရမည်။ ထို ဘုရားသခင်ကိုသာ ဝတ်ပြု ရမည်။ နာမ တော် အားဖြင့် လည်း ကျိန်ဆို ခြင်းကိုပြုရမည်။
Deuteronomy 13:10ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင် တို့ကို နှုတ်ဆောင် တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ကြံစည် သောကြောင့် ၊ ထိုသူ ကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။
Deuteronomy 18:20ငါမ မှာ ထားဘဲ ငါ့ အခွင့် ကို ဆောင်၍ ရဲရင့် စွာ ဟောပြော သော ပရောဖက် ၊ အခြား တပါးသော ဘုရား အခွင့် နှင့် ဟောပြော သော ပရောဖက် သည် အသေ သတ်ခြင်းကိုခံ ရမည်ဟု ငါ့အား မိန့် တော်မူ၏။
Deuteronomy 22:21မြို့ သားယောက်ျား တို့သည် ထိုမိန်းမ ကို အဘ အိမ် တံခါး သို့ ဆောင် ခဲ့ပြီးလျှင် ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ အကြောင်း မူကား၊ သူ သည် အဘ အိမ် ၌ မတရား သောမေထုန် သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲ သောအမှုကို ပြု လေပြီ။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား ရကြမည်။
Deuteronomy 24:7လူသည် မိမိ အမျိုးသား ချင်းဖြစ်သော ဣသရေလ အမျိုးသား ကို ခိုး ၍ ကျွန် အရာ၌ ထားသည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ ၊ ထို သူခိုး ကို တွေ့ မိလျှင် အသေ သတ်ရမည်။ သင် တို့တွင် ဒုစရိုက် အပြစ်ကို ထိုသို့ ပယ်ရှား ရကြမည်။
Joshua 23:8ယနေ့ တိုင်အောင် ကျင့် သကဲ့သို့ ၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား ၌ ဆည်းကပ် မှီဝဲခြင်းငှါ၎င်း၊ အလွန် ရဲရင့် သောစိတ် ရှိကြလော့။