တရားဟောရာကျမ်း 21:22
သေ ထိုက်သော အပြစ် ရှိ သောသူ ကို သစ်တိုင် ၌ ဆွဲ ၍ သတ် လျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 40:19သုံး ရက် လွန်မှ ဖါရော မင်းသည် သင် ၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင် ၌ ဆွဲ ထားတော်မူ၍၊ ငှက် တို့သည် သင် ၏အသား ကို နှုတ်၍စား ကြလိမ့်မည်ဟု ပြန်ပြော ၏။
Deuteronomy 19:6သို့မဟုတ် သေ စားသေစေသောသူသည် စိတ် မာန် ထစဉ်အခါ၊ လူ သတ်ကို လိုက် လျက် ခရီး ဝေး သောကြောင့် မှီ ၍ သတ် လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုး ဖွဲ့ ခြင်း မ ရှိသောကြောင့် အသေ သတ်ခြင်းကို မ ခံထိုက်။
Joshua 8:29အာဣ မင်းကြီး ကို ညဦး တိုင်အောင် သစ်ပင် တွင် ဆွဲ ထား၍ ၊ မိုဃ်းချုပ် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း၊ အသေကောင် ကို သစ်ပင် က ချ ပြီးလျှင် မြို့ တံခါးဝ ၌ ပစ် ထား၍ ၊ အသေကောင် အပေါ် ၌ များစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
1 Samuel 26:16သင်ပြု သော အမှု သည် မ လျောက်ပတ်။ ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောသင် ၏သခင် ကို မ စောင့် သောကြောင့်၊ ထာဝရဘုရား အသက် ရှင်တော်မူသည်အတိုင်း သင် သည် အသေ ခံထိုက်ပေ၏။ ခေါင်းရင်း တော်နားမှာထား သော ရှင်ဘုရင် ၏ လှံ တော်နှင့် ရေ ဘူး တော်ရှိသည် မရှိသည်ကို ကြည့်ရှု လော့ဟု အာဗနာ အား ပြောဆို ၏။
2 Samuel 21:6သား ခုနစ် ယောက်တို့ကို ကျွန်တော် တို့လက်သို့ အပ် တော်မူပါ။ ထာဝရဘုရား ရွေးချယ် တော်မူသောရှောလု နေရာ ဂိဗာ မြို့၌ ထိုသူ တို့ကို ကျွန်တော်တို့သည် ထာဝရဘုရား အဘို့ ဆွဲထား ပါမည်ဟု လျှောက် သော် ၊ ရှင် ဘုရင်က ငါ အပ် မည်ဟု မိန့် တော်မူ၏။
2 Samuel 21:10အဲအာ သမီး ရိဇပ သည် စပါးရိတ် စ ကာလမှစ၍ မိုဃ်း မ ရွာ မှီတိုင်အောင်လျှော်တေ ကို ယူ ၍ ကျောက် ပေါ် မှာ အိပ်စရာဘို့ ခင်း လျက်၊ နေ့ အချိန်တွင် အလောင်းကောင်အပေါ် ၌ငှက် မ နား ၊ ညဉ့် အချိန်တွင် သားရဲ မကိုက် စေခြင်းငှါ စောင့်ရှောက်လျက်နေ၏။