တရားဟောရာကျမ်း 24:8
နူနာဘေးရောက်သောအခါ၊ လေဝိသား ယဇ် ပုရောဟိတ်တို့ သွန်သင်သမျှအတိုင်း သတိပြု၍ စေ့စေ့ စောင့်ရှောက်လော့။ သူတို့ကို ငါမှာထားသည်အတိုင်း ကျင့်စောင့်ကြလော့။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Leviticus 13:2လူသည် ကိုယ်အရေ၌ အဖူးဖြစ်စေ၊ ယားနာဖြစ်စေ၊ နူကွက်ဖြစ်စေ၊ နူသောလက္ခဏာပေါ်လျှင်၊ ထိုသူကို ယဇ်ပုရောဟိတ်အာရုန်ထံသို့ ဖြစ်စေ၊ သူ၏သား ယဇ်ပုရောဟိတ် တစုံတယောက်ထံသို့ ဖြစ်စေ ခေါ်ခဲ့ရမည်။
Leviticus 13:57နောက်တဖန် ထိုရက်ကန်းပင်၊ ရက်ကန်းသားအဝတ်၊ သားရေအသုံးအဆောင်၌ အနာပေါ်ပြန်လျှင်၊ တိုးပွားတတ်သောအနာ ဖြစ်၏။ ထိုသို့အနာစွဲသောဥစ္စာကို မီးရှို့ရမည်။
Leviticus 14:9သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေးရှိသမျှကို ရိတ်၍၊ မိမိအဝတ်ကို လျှော်ပြီးမှ၊ ရေချိုး၍ စင်ကြယ်ရ၏။
Leviticus 14:57ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍ သိစေခြင်းငှါ၊ ဗောက်နူနာအစရှိသော နူနာအမျိုးမျိုး၊ အဝတ်၌ စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖူး၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။
Mark 1:44အဘယ်သူအား စကားတခွန်းကိုမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး ၌ သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက်၊ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မြစ်တား၍ ချက်ခြင်းလွှတ်လိုက်တော်မူ၏။
Luke 17:14ယေရှုသည် မြင်တော်မူလျှင်၊ သင်တို့သည် ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြကြလော့ဟု မိန့် တော်မူသည်အတိုင်း၊ သူတို့သည် သွားစဉ်တွင် သန့်ရှင်းခြင်းသို့ ရောက်ကြ၏။