တရားဟောရာကျမ်း 32:2
ငါ့ ဒေသနာ သည် မိုဃ်း ရေကဲ့သို့ စက်စက် ကျ၍၊ ငါ့ စကား သည် နှင်း ကဲ့သို့ ဖြည်းညှင်း စွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင် ပေါ် မှာ ရွာသောမိုဃ်း ကဲ့သို့ ၎င်း၊ မြက်ပင် ပေါ် မှာ များပြားသော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
1အို ကောင်းကင် ၊ နားထောင် လော့၊ ငါပြော မည်။ အိုမြေကြီး ၊ ငါ မြွက်ဆို သောစကား ကို ကြား လော့။
Cross References
Job 29:22ငါ ပြောပြီးသည်နောက် သူတို့သည် ပြန် ၍ မ ပြော။ ငါ့ စကား သည် သူ တို့အပေါ် မှာ ရေစက်ကဲ့သို့ကျ ၏။
Isaiah 55:10မိုဃ်းရေ နှင့် မိုဃ်းပွင့် တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက် ၍ နောက်တဖန်မ ပြန် ၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ ကို၎င်း၊ အစာစား သောသူအား အစာ ကို၎င်း ပေး မည်အကြောင်း ၊ မြေ ကို စို စေသဖြင့်၊ အပင် ပေါက် စေ၍ ၊ အသီးကို သီး စေသကဲ့သို့၊
Hosea 14:5ငါသည် နှင်း ကဲ့သို့ ဣသရေလ အပေါ် မှာ နေ မည်။ သူသည် နှင်းပွင့် ကဲ့သို့ ပွင့် လိမ့်မည်။ လေဗနုန် တောကဲ့သို့ အမြစ် စွဲ လိမ့်မည်။
Micah 5:7ကျန် ကြွင်းသော ယာကုပ် အမျိုးသားတို့သည် တပါး အမျိုးသားအများ တို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်း ကဲ့သို့ ၎င်း ၊ လူ ကို မ ငံ့လင့် ၊ လူသား တို့ ၏ အလို သို့မ လိုက်သော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ် ကြ လိမ့်မည်။
1 Corinthians 3:6ငါ သည်စိုက်ပျိုး သောသူဖြစ်၏။ အာပေါလု သည် ရေလောင်း သော သူဖြစ်၏။ အပင်ကိုကြီးပွား စေသော သူ ကား ၊ ဘုရားသခင် ပေတည်း။