တရားဟောရာကျမ်း 32:3
ငါသည် ထာဝရဘုရား ၏ နာမတော် ကို ဘော်ပြ သည်ဖြစ်၍ ၊ ငါ တို့ဘုရားသခင် ၏ ဘုန်း အာနုဘော်တော် ကို ချီးမွမ်း ကြလော့။
မြန်မာကျမ်းစာ
In The King James Version
Because I will publish the name of the LORD: ascribe ye greatness unto our God.
In Context
Cross References
Exodus 3:13မောရှေ ကလည်း ၊ အကျွန်ုပ် သည် ဣသရေလ အမျိုးသား တို့ ရှိရာသို့ ရောက် ၍ ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်သည် ငါ့ ကိုသင် တို့ ရှိရာသို့ စေလွှတ် တော်မူပြီဟု အကျွန်ုပ်ဆို လျှင်၊ သူတို့က၊ ထိုဘုရား သခင်၏ နာမ တော်ကား အဘယ်သို့ နည်းဟု အကျွန်ုပ် ကို ပြန်၍ မေး သောအခါ ၊ အဘယ်သို့ ပြန်ပြော ရပါမည်နည်းဟု ဘုရား သခင်အား မေး လျှောက်လေ၏။
Exodus 20:24ငါ့ အဘို့ မြေ ယဇ် ပလ္လင်ကို တည် ရမည်။ ထိုပလ္လင် ပေါ် မှာ သင် ၏မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် တည်းဟူသောသင် ၏သိုး နွား တို့ကို ယဇ် ပူဇော်ရမည်။ ငါ့အခွင့်ရှိ၍၊ ငါ့ နာမ ကို ကိုးကွယ် ရာ အရပ် ခပ်သိမ်း တို့၌ ၊ သင့် ဆီ သို့ ငါကြွ လာ၍ ကောင်းကြီး ပေးမည်။
Exodus 34:5ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ ၊ ထို အရပ်၌ မောရှေ အနား မှာရပ် လျက်၊ ထာဝရဘုရား ၏နာမ တော်ကို ကြွေးကြော် တော်မူ၏။
Deuteronomy 5:24အကျွန်ုပ် တို့ ဘုရားသခင် ထာဝရဘုရား သည် ဘုန်း တန်ခိုး အာနုဘော်တော်ကို အကျွန်ုပ် တို့အား ပြ တော်မူပြီ။ မီး ထဲက စကားတော်အသံ ကို အကျွန်ုပ်တို့သည် ကြား ရပါပြီ။ ဘုရားသခင် သည် လူ နှင့် နှုတ်ဆက် တော်မူ သော်လည်း ၊ လူသည် အသက်ရှင် သေးသည်ကို၊ ယနေ့ ၌ အကျွန်ုပ်တို့သည် သိမြင် ရပါပြီ။
1 Chronicles 29:10ထိုအခါ ဒါဝိဒ် က၊ အကျွန်ုပ် တို့အဘ ဣသရေလ ၏ဘုရားသခင် ထာဝရဘုရား ၊ ကိုယ်တော်သည် ကမ္ဘာ အဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။
1 Chronicles 29:13သို့ဖြစ်၍ အကျွန်ုပ် တို့၏ ဘုရားသခင် ၊ ကျေးဇူး တော်ကြီးလှပါသည်ဟု အကျွန်ုပ် တို့သည် ဝန်ခံ၍ ဘုန်း ကြီးသော နာမ တော်ကို ချီးမွမ်း ကြပါ၏။