တရားဟောရာကျမ်း 32:21
ဘုရား မ ဟုတ်သောအရာအားဖြင့် ငါ သည် ငြူစူ သောစိတ်ရှိစေခြင်းငှါပြုကြပြီ။ အချည်းနှီး သောအရာ အားဖြင့် ငါ့ အမျက် ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မ ရေရာ သော လူမျိုး အားဖြင့် သူ တို့သည် ငြူစူ သောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာ မရှိသောလူမျိုး အားဖြင့် စိတ်ဆိုး စေခြင်းငှါ၎င်း ငါပြုမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Samuel 12:21ကျေးဇူး မ ပြု မ ကယ်တင် နိုင်၊ အချည်းနှီး ဖြစ်သော အရာတို့နောက် သို့ လမ်း လွှဲ၍ မ လိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။
1 Kings 16:13အကြောင်းမူကား၊ ဗာရှာ နှင့် သား ဧလာ တို့သည် ကိုယ်တိုင်ပြစ်မှား သော အပြစ်နှင့် ဣသရေလ အမျိုးကိုလည်း ပြစ်မှား စေသော အပြစ် အားဖြင့်၎င်း၊ မိစ္ဆာ ဒိဌိအားဖြင့် ၎င်း၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်သော အကြောင်း တည်း။
2 Kings 17:11သူ တို့ရှေ့ မှ ထာဝရဘုရား နှင်ထုတ် တော်မူသောတပါးအမျိုးသား ပြုသကဲ့သို့ မြင့် သောအရပ်ရှိသမျှ အပေါ် မှာ နံ့သာပေါင်းကိုမီးရှို့ ၍ ထာဝရဘုရား ၏ အမျက် တော် ကို နှိုးဆော်ခြင်းငှါ အဓမ္မ အမှု တို့ကို ပြု ကြ၏
2 Kings 22:17အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့် ကြပြီ။ မိမိ လုပ် သော အရာ တို့ဖြင့် ငါ့ အမျက် ကိုနှိုးဆော်ခြင်းငှါ အခြား တပါးသော ဘုရား တို့ရှေ့ မှာ နံ့သာပေါင်း ကို မီးရှို့ကြပြီ။ ထိုကြောင့်ဤ အရပ် ၌ ငါ့ အမျက် မီးသည် မ ငြိမ်း ဘဲ လောင် ရလိမ့်မည်ဟု မိန့်တော်မူ၏
Psalms 78:58သူ တို့သည် မြင့် သော အရပ်များအားဖြင့် ၊ အမျက် တော်ကို နှိုးဆော်၍ ၊ ရုပ်တု များအားဖြင့် လည်း စိတ်တော်ကို ချုပ်ချယ် နှောင့်ရှက်ကြ၏။
Jeremiah 2:11အခြားတပါးသော လူမျိုး ကိုးကွယ်သော ဘုရား သည် ဘုရား မဟုတ် သော်လည်း ၊ ပြောင်းလဲ ဘူးပြီလော။ ငါ ၏လူမျိုး သည် ကျေးဇူး မ ပြုနိုင်သောအရာဘို့ မိမိ တို့ ဘုန်း ကို ပြောင်းလဲ ကြပြီတကား။