တရားဟောရာကျမ်း 33:20
ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေ သောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုး သည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့ တတ်၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 9:26တဖန်ရှေမ၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ခါနာန်သည် ရှေမ၏ကျွန် ဖြစ်ပါစေ။
Joshua 13:8ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့ သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကို ခံကြပြီဟု မိန့်တော်မူ၏။
Joshua 13:24မောရှေသည် ဂဒ်အမျိုးသား အဆွေအမျိုးအသီး အသီးတို့အား အမွေပေးသော ပြည်များဟူမူကား၊
1 Chronicles 5:18ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တွင် ဒိုင်းနှင့် ထားကို ကိုင်၍ လေးနှင့် ပစ်တတ်သဖြင့်၊ စစ်မှု စစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲပေါင်း ကား၊ လေးသောင်းလေးထောင်ခုနစ်ရာခြောက်ဆယ် တည်း။
1 Chronicles 12:9ဧဇာတပါး၊ ဩဗဒိတပါး၊ ဧလျာဘတပါး၊
Psalms 18:19ငါ့ကိုကျယ်ဝန်းရာအရပ်သို့ ပို့ဆောင်တော်မူ၏။ ငါ့ကိုနှစ်သက်သောကြောင့် ကယ်လွှတ်တော်မူ၏။