တရားဟောရာကျမ်း 4:2
ငါ မှာ ထားသော စကား ၌ သင်တို့သည် အသစ် မ သွင်းရ။ အလျှင်း မ နုတ်မပယ် ရ။ ငါ မှာ ထားသည် အတိုင်း ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်တို့ကို စောင့်ရှောက် ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 5:29သူ တို့နှင့် သား မြေးအစဉ် အဆက်တို့သည် ချမ်းသာ ရမည်အကြောင်း ၊ ငါ့ ကို ကြောက်ရွံ့ ၍ ငါ ပညတ် သမျှ တို့ကို အစဉ် စောင့်ရှောက် ချင်သောစိတ် နှင့် ပြည့်စုံ ကြပါစေသော။
Deuteronomy 12:32ငါ မှာ ထားသမျှ တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် လော့။ ထပ် ၍မ ပိုရ၊ နှုတ် ၍ မ လျော့စေရ။
Joshua 1:7သို့ဖြစ်၍ငါ ၏ကျွန် မောရှေ မှာ ထားသော တရား အတိုင်း ကျင့် မည်ဟု စောင့်ရှောက် ခြင်းငှါ အား ယူ ၍ အလွန် ရဲရင့် ခြင်းရှိလော့။ ကြံစည်လေသမျှ တို့၌ အောင် မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ နှင့်။
Proverbs 30:6စကား တော်၌ ထပ်၍ မ သွင်းနှင့်။ သို့ပြုလျှင် အပြစ်တင် တော်မူ၍ ၊ သင်သည် မုသာသုံးသောသူဖြစ် လိမ့်မည်။
Jeremiah 26:2ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်၌ ကိုးကွယ် အံ့သောငှါ ရောက် လာသောယုဒ မြို့ သူရွာသားအပေါင်း တို့အား ဆင့်ဆို စေခြင်းငှါ ၊ ငါသည်သင် ၌ မှာ ထားသမျှ သောစကား တို့ကို ဗိမာန် တော် တန်တိုင်း ထဲမှာ ရပ် လျက်၊ သူ တို့အား ပြန်ပြော လော့။ တခွန်း ကိုမျှ မ ထိမ် မဝှက်နှင့်။
Matthew 5:43ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ချစ် လော့။ ရန်သူ ကိုမုန်း လော့ဟူသောပညတ် စကားကို သင်တို့ ကြား ရပြီ။