တရားဟောရာကျမ်း 4:3
ထာဝရဘုရား သည် ဗာလပေဂုရ ကြောင့် ပြု တော်မူသော အမှုကို သင်တို့သည် ကိုယ်တိုင် မြင် ရကြပြီ။ ဗာလပေဂုရ ၌ ဆည်းကပ် သော သူ အပေါင်း တို့ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့အထဲ က သုတ်သင် ပယ်ရှင်းတော်မူပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
4သင် တို့ဘုရား သခင်ထာဝရဘုရား ၌ မှီဝဲ သမျှ သော သင် တို့မူကား ၊ ယနေ့ တိုင်အောင် အသက်ရှင် ရကြ၏။
Cross References
Numbers 25:3ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ် သောကြောင့် ၊ ထာဝရဘုရား သည် အမျက် ထွက် တော်မူ၏။
Numbers 31:16ဣသရေလ အမျိုးသား တို့သည်၊ ပေဂုရ ဘုရားအမှု ၌ ထာဝရဘုရား ကို ပြစ်မှား စေခြင်းငှာ ၊ ဤမိန်းမတို့သည် ဗာလမ် ပေးသောအကြံ ကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား ၏ ပရိသတ် ၌ ဘေး ရောက် လေသည် တကား။
Joshua 22:17သင်တို့သည် ထာဝရဘုရားနောက်တော်သို့ မလိုက် လွှဲသွားရမည်အကြောင်း၊ ပေဂုရ အပြစ် သည် ငါ တို့အဘို့ မ လောက်သလော။ ထာဝရဘုရား ၏ ပရိသတ် တော်၌ ဘေး ကြီးရောက် သော်လည်း ၊ ယနေ့ တိုင်အောင် ထိုအပြစ် မ ရှင်းလင်း သေး။
Hosea 9:10တော ၌ စပျစ်သီး ကဲ့သို့ ဣသရေလ အမျိုးကို ငါ တွေ့ ၏။ သီး စသော သင်္ဘော သဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့သင် တို့ဘိုးဘေး များကို ငါမြင် ၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့သွား ၍ ၊ ထိုရှက်ဘွယ် သော အရာအဘို့ ကိုယ်ကိုအပ်နှံ သဖြင့် တပ်မက် သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြု ကြ၏။