တရားဟောရာကျမ်း 6:21
သင်က၊ ငါတို့သည် အဲဂုတ္တု ပြည်၌ ဖါရော ဘုရင် ၏ ကျွန် ဖြစ် ၍နေစဉ်အခါ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်နှင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 13:3မောရှေ ကလည်း ၊ သင်တို့သည် ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ ထွက် သွားသော ဤ နေ့ ရက်ကို အောက်မေ့ ကြလော့။ ထာဝရဘုရား သည် အားကြီး သောလက် တော်ဖြင့် သင် တို့ကို ထို ပြည်မှ နှုတ် ဆောင်တော်မူပြီ။ တဆေး ပါသောမုန့်ကို မ စား ရ။
Exodus 13:14နောင်ကာလ၌ သင် ၏သား ကလည်း၊ အဘယ်သို့ နည်းဟု မေးမြန်း လျှင်၊ သင်ကလည်း ကျွန် ခံနေရာ အဲဂုတ္တု ပြည်မှ ၊ ထာဝရဘုရား သည် အားကြီး သော လက် တော်ဖြင့် ငါ တို့ကို နှုတ်ဆောင် တော်မူ၏။
Exodus 20:2ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Deuteronomy 5:15သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ကြောင်း ကို၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အားကြီး သော လက်ရုံး တော်ကို ဆန့် ၍ ၊ ထို ပြည်မှ သင့် ကို နှုတ်ဆောင် တော်မူကြောင်း ကို၎င်းအောက်မေ့ လော့။ ထို အကြောင်းကြောင့်၊ သင်သည် ဥပုပ် နေ့ကို စောင့် ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူ၏။
Deuteronomy 26:5သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည် သော ရှုရိ အမျိုးသားသည် အကျွန်ုပ် အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တု ပြည်သို့ သွား ၍ လူ အနည်းငယ် နှင့်တကွ တည်းခို စဉ်တွင် ကြီးမား များပြား သော လူမျိုး ဖြစ် ပါ၏။
Psalms 78:7ငြင်းဆန် ၍ ပုန်ကန် တတ်သောအမျိုး တည်းဟူသော ဘိုးဘေး တို့ကဲ့သို့ သားမြေး တို့သည်မ ဖြစ် ၊ ဘုရားသခင် ၏အမှု တော်တို့ကိုမ မေ့။