The Bible Software
တရားဟောရာကျမ်း · မြန်မာကျမ်းစာ

တရားဟောရာကျမ်း 6

1သင် တို့နှင့် သား မြေး တို့သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ကို ကြောက်ရွံ့ ၍၊

2ငါ ပေး ထားသော ပညတ် တရား တော်ရှိသမျှ တို့ ကို တသက်လုံး စောင့်ရှောက် မည်အကြောင်း နှင့် သင် တို့၏ အသက်တာ ရှည် စေမည်အကြောင်း ၊ သင် တို့သွား ၍ ဝင်စား လတံ့သော ပြည် ၌ ကျင့် ဘို့ရာ သင် တို့အား ငါသွန်သင် စိမ့်သောငှာ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော စီရင် ထုံးဖွဲ့ချက် ပညတ် တရားဟူမူကား၊

3အိုဣသရေလ အမျိုး၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ၊ သင် သည် နို့ နှင့် ပျားရည် စီး သောပြည် ၌ ချမ်းသာ ရ၍ အလွန် ပွား များမည် အကြောင်း နားထောင် လော့။ သတိ နှင့် ကျင့် စောင့်လော့။

4အိုဣသရေလ အမျိုး၊ နားထောင် လော့။ ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် တဆူ တည်းသော ထာဝရ ဘုရား ဖြစ်တော်မူ၏။

5သင် ၏ဘုရား သခင်ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ၊ အစွမ်း သတ္တိရှိသမျှ နှင့် ချစ် လော့။

6ယနေ့ ငါ မှာ ထားသော စကား ကို နှလုံး သွင်း ရမည်။

7ထို စကားကို သင် ၏သားသမီး တို့အား ကြိုးစား ၍ သွန်သင်ရမည်။ အိမ် ၌ ထိုင် လျက် နေသည်ဖြစ်စေ၊ ခရီး ၌ သွား သည်ဖြစ်စေ ၊ အိပ် လျက် ၊ ထ လျက်ရှိသည် ဖြစ်စေ ၊ ထို စကားကို ပြော ရမည်။

8ထိုစကားကိုလည်း သင် ၏ လက် ၌ လက္ခဏာ သက်သေဘို့ရာ၎င်း၊ သင် ၏ မျက်စိ ကြား မှာ သင်းကျစ် ကဲ့သို့ ၎င်း ချည် ထားရမည်။

9အိမ် တံခါး ၊ မြို့တံခါး တို့၌ လည်း ရေးထား ရမည်။

10သင်မ တည် သော မြို့ ကြီး မြို့မြတ် တို့ကို၎င်း ၊ သင်မ ဖြည့် ဘဲကောင်း သောအရာနှင့်ပြည့် သောအိမ် တို့ကို၎င်း၊ သင်မ တူး သော ရေတွင်း တို့ကို၎င်း ၊ သင်မ စိုက်ပျိုး သော စပျစ်ဥယျာဉ် နှင့် သံလွင်ပင် တို့ကို၎င်း၊ သင့် အား ပေး ခြင်းငှာ၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုဆောင်သွင်း တော်မူ၍၊ သင်သည်ဝစွာ စား လျက်နေရသောအခါ၊

11

12ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင့် ကို ကယ်နှုတ် ဆောင်ယူခဲ့သော ထာဝရဘုရား ကို မ မေ့လျော့ မည် အကြောင်း၊ ကိုယ် ကို ကိုယ်သတိ ပြုလော့။

13သင် ၏ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ရမည်။ ထို ဘုရားသခင်ကိုသာ ဝတ်ပြု ရမည်။ နာမ တော် အားဖြင့် လည်း ကျိန်ဆို ခြင်းကိုပြုရမည်။

14အခြား တပါးသောဘုရား ၊ သင့် ပတ်လည် ၌ နေသော လူမျိုး တို့၏ ဘုရား ကို မ ဆည်း မကပ်ရ။

15သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့၌ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို အမျက် ထွက် ၍ မြေကြီး ပြင် မှာ သုတ်သင် ပယ်ရှင်းတော်မူမည်ဟု စိုးရိမ်စရာရှိ၏။

16သင်သည် မဿာ အရပ်၌ ပြု သကဲ့သို့ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ကို အစုံအစမ်း မ ပြုရ။

17သင် ၏ဘုရား သခင်ထာဝရဘုရား ထား တော်မူသော သက်သေခံ ချက်၊ စီရင် ချက်၊ ပညတ် တရားတို့ကို ကြိုးစား၍ စောင့်ရှောက် ရမည်။

18သင်သည် ချမ်းသာရခြင်းငှာ၎င်း၊

19ထာဝရဘုရား ဂတိ တော်ရှိသည်အတိုင်း ရန်သူ အပေါင်း တို့ကို သင့် ရှေ့ မှ နှင်ထုတ် သဖြင့် ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် မြတ် ကို ဝင်စား ၍ နေ ခြင်းငှာ၎င်း ၊ ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် လျောက်ပတ် သောအမှုတို့ကို ပြု ရမည်။

20နောင် ကာလ၌ သင် ၏သား က၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ထား တော်မူသော ဤသက်သေခံ ချက်၊ စီရင် ထုံးဖွဲ့ ချက်တို့သည် အဘယ်သို့ ဆိုလို သနည်းဟု မေးမြန်း လျှင်၊

21သင်က၊ ငါတို့သည် အဲဂုတ္တု ပြည်၌ ဖါရော ဘုရင် ၏ ကျွန် ဖြစ် ၍နေစဉ်အခါ၊ ထာဝရဘုရား သည် အားကြီး သောလက် တော်နှင့် ငါ တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူ၏။

22ထာဝရဘုရား သည်လည်း ၊ ကြီးမား ခက်ထန် သော နိမိတ် လက္ခဏာ အံ့ဘွယ် သရဲတို့ကို အဲဂုတ္တု ပြည် အပေါ် မှာ၎င်း၊ ဖာရော ဘုရင်နှင့် နန်းတော် သားတို့အပေါ် မှာ၎င်း၊ ငါ တို့မျက်မှောက် ၌ ပြတော်မူပြီးလျှင်၊

23ငါ တို့ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် သို့ သွင်း ၍ နေရာချ ခြင်းအလို့ငှာ ၊ ထို ပြည်မှ နှုတ်ဆောင် တော်မူ၏။

24ထာဝရဘုရား သည် ယနေ့ တိုင်အောင် ကျေးဇူး ပြုတော်မူသကဲ့သို့ ၊ ငါ တို့အသက် ကို စောင့်တော်မူမည် အကြောင်း ၊ ငါတို့သည် ကိုယ်အကျိုးကိုထောက် ၍၊ ငါ တို့ ဘုရား သခင်ထာဝရဘုရား ကို ကြောက်ရွံ့ လျက် ၊ ဤ ပညတ် အလုံးစုံ တို့ကို ကျင့် စေခြင်းငှာ မှာ ထားတော်မူ၏။

25သို့ဖြစ်၍ ငါ တို့ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဤ ပညတ် အလုံးစုံ တို့ကို ရှေ့ တော်၌ ကျင့် စောင့်ခြင်းငှာ သတိပြု လျှင် ၊ ဖြောင့်မတ် ရာသို့ ရောက် ရကြလိမ့်မည်ဟု ပြန်ပြောရမည်။

← တရားဟောရာကျမ်း 5Read In The App, Free →တရားဟောရာကျမ်း 7 →

Study တရားဟောရာကျမ်း 6

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334