Ecclesiastes 10:11
မြွေသည် ပြုစားခြင်းကိုမခံ။ ကိုက်မိလျှင် အလမ္ပယ်သမား ကျေးဇူးမရှိ။
1835 Judson Burmese Bible
In The King James Version
Surely the serpent will bite without enchantment; and a babbler is no better.
In Context
10ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။ ပညာသည် အမှုဆောင်ရသောအခွင့် ကို ပေး၍ ကျေးဇူးကြီး၏။
12ပညာရှိသောသူ၏စကားသည် လျောက်ပတ်၏။ မိုက်သောသူ၏ နှုတ်မူကား သူ့ကိုယ်ကိုမျိုတတ်၏။
Cross References
Psalms 58:4သူတို့အဆိပ်သည် မြွေအဆိပ်နှင့်တူ၏။ နားပင်း သော မြွေဆိုးသည် မိမိနားကို ပိတ်၍၊
Psalms 64:3ထိုသူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေးတတ်ကြ၏။
Jeremiah 8:17ကြည့်ရှုလော့။ မန်းမှုတ်၍ မနိုင်သောမြွေ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ်သဖြင့်၊ သင်တို့ကို ကိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော် မူ၏။