Ecclesiastes 2:14
ပညာရှိ သောသူ၏ မျက်စိ တို့သည် သူ ၏ ဦးခေါင်း ၌ ရှိ၏။ မိုက် သောသူမူကား ၊ မှောင်မိုက် ၌ ကျင်လည် တတ်၏။ သို့သော်လည်း ထိုသူ အပေါင်း တို့သည် တခု တည်းသောအမှု နှင့် တွေ့ကြုံတတ်သည် ကို ငါရိပ်မိ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 49:10ထင်ရှား သောအရာဟူမူကား ၊ ပညာရှိ သောသူတို့ သည် သေ တတ်ကြ၏။ ထို အတူမိုက် သောသူနှင့် တိရစ္ဆာန် သဘောရှိသောသူတို့ သည် ပျက်စီး ခြင်း သို့ရောက်၍ ၊ မိမိ တို့ဥစ္စာ ကို သူတပါး တို့၌ ချန် ထားကြ၏။
Proverbs 14:8ပညာ သတိရှိသောသူ ၏ပညာ ကား၊ ကိုယ် သွား ရသောလမ်း ကို သိ ခြင်းတည်း။ မိုက် သောသူ၏ မိုက် ခြင်း မူကား ၊ ပရိယာယ် တည်း။
Ecclesiastes 3:19လူ သား တွေ့ကြုံ သော အမှုကို တိရစ္ဆာန် တွေ့ကြုံ တတ်၏။ ထို သူနှစ်ဦးတို့သည် တပါး တည်းသောအမှု ကို တွေ့ကြုံလျက် ၊ တဦး သေ သကဲ့သို့ တဦး သေ တတ်၏။ အလုံးစုံ တို့သည် အသက် တမျိုး တည်းရှိကြ၏။ သို့ဖြစ်၍ ၊ လူ သည်တိရစ္ဆာန် ထက် ထူးမြတ် သော အကြောင်း မ ရှိ။ အလုံးစုံ တို့သည် အနတ္တ ဖြစ်ကြ၏။
Ecclesiastes 6:8ပညာရှိ သောသူသည် မိုက် သောသူထက် အဘယ် ကျေးဇူး ရှိသနည်း။ အသက်ရှင် သောသူများရှေ့ မှာ ကျင့်ကြံ ပြုမူတတ်သော ဆင်းရဲသား ၏ အကျိုးကျေးဇူးကား အဘယ်သို့ နည်း။
Ecclesiastes 8:1အဘယ်သူ သည် ပညာရှိ သောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲ သောအနက်ကို အဘယ်သူ နားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်း စေတတ်၏။ ထိုသူ ၏ မျက်နှာ သည် အထူးသဖြင့် ရဲရင့် သောအဆင်း ရှိတတ်၏။
Ecclesiastes 9:2ခပ်သိမ်း သောသူတို့ သည် ခပ်သိမ်း သောအမှုအရာတို့နှင့် ဆက်ဆံ ကြ၏။ တရား သောသူနှင့် မ တရား သောသူ၊ ကောင်း သောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မ စင်ကြယ်သောသူ၊ ယဇ် ပူဇော်သောသူနှင့် ယဇ် မ ပူဇော်သောသူ၊ အပြစ် မရှိသောသူနှင့် အပြစ် ရှိသောသူ၊ ကျိန်ဆို သောသူနှင့် ကျိန်ဆို ခြင်းကို ကြောက် သောသူတို့သည် တခု တည်းသောအမှုနှင့် တွေ့ကြုံကြတတ် ၏။