Ecclesiastes 4:13
ဆုံးမ ခြင်းကို မ ခံ ၊ အသက်ကြီး ၍ မိုက် သော ရှင်ဘုရင် ထက်၊ ပညာ ရှိသောဆင်းရဲသား သူငယ် သည် သာ၍ မြတ် ၏။
မြန်မာကျမ်းစာ
In The King James Version
Better is a poor and a wise child than an old and foolish king, who will no more be admonished.
In Context
Cross References
1 Kings 22:8ဣသရေလ ရှင် ဘုရင်က၊ ထာဝရဘုရား ကို မေးမြန်း ရသောသူ တယောက် ဣမလ သား မိက္ခါ ရှိသေး ၏။ သို့ရာတွင် ထိုသူ ကို ငါ မုန်း ၏။ ငါ ၌ မင်္ဂလာ စကားကို မ ဟော။ အမင်္ဂလာ စကားကိုသာ ဟောတတ်သည်ဟု ယောရှဖတ် အား ဆို လျှင် ၊ ယောရှဖတ် က ထိုသို့ မင်းကြီး မ ပြော ပါနှင့်ဟု ပြန်ဆို ၏။
2 Chronicles 24:20တဖန် ဘုရားသခင် ၏ ဝိညာဉ် တော်သည် ယဇ် ပုရောဟိတ် ယောယဒ သား ဇာခရိ အပေါ်မှာ သက်ရောက် ၍ ၊ သူသည် ပရိသတ် အလယ်၊ မြင့်သောအရပ်၌ ရပ် လျက်၊ ဘုရားသခင် မိန့် တော်မူသည်ကား ၊ သင်တို့သည် ကိုယ်အကျိုးကို ပျက်စေခြင်းငှါ၊ ထာဝရဘုရား ၏ပညတ် တော်တို့ကို အဘယ် ကြောင့်လွန်ကျုး ကြသနည်း။ သင်တို့သည် ထာဝရဘုရား ကို စွန့် သောကြောင့် ၊ သင် တို့ကိုလည်း စွန့် တော်မူပြီဟု မြွက်ဆို ၏။
Proverbs 19:1ကောက်လိမ် သော စကား ကိုသုံးတတ်သော လူမိုက် ထက် ၊ ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သူသည်သာ၍ကောင်း ၏။
Proverbs 28:15ဆင်းရဲ သားတို့ကို အုပ်စိုး သော အဓမ္မ မင်းသည် ဟောက် သောခြင်္သေ့ ၊ လှည့်လည် သောဝံ နှင့်တူ၏။