Proverbs 19:1
ကောက်လိမ် သော စကား ကိုသုံးတတ်သော လူမိုက် ထက် ၊ ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သူသည်သာ၍ကောင်း ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
2စိတ် ဝိညာဉ်သည် ပညာ အတတ်မ ရှိဘဲ မ နေကောင်း ။ အလျင် အမြန်သွားသောသူသည် လည်း မှားယွင်း တတ်၏။
Cross References
1 Samuel 25:17သို့ဖြစ်၍ သခင်မသည် အဘယ်သို့ ပြု သင့်သည်ကို ကြည့်ရှု ဆင်ခြင် ပါတော့။ အကျွန်ုပ် တို့ သခင် နှင့် အိမ်သူ အိမ်သား အပေါင်း တို့၌ ဘေး ပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မ လူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြော မလျှောက်ဝံ့ပါဟု ဆို လေသော်၊
Psalms 26:11အကျွန်ုပ် မူကား ၊ ဖြောင့်မတ် ခြင်း လမ်းသို့ လိုက် ပါ၏။ အကျွန်ုပ် ကို ရွေးနှုတ် ၍ ကယ် မသနားတော်မူပါ။
Proverbs 12:26ဖြောင့်မတ် သောသူသည် အိမ်နီးချင်း ကို လမ်း ပြတတ်၏။ မ တရားသောသူလိုက်သော လမ်း မူကား ၊ သူ့ ကိုပင် လှည့်စား တတ်၏။
Proverbs 15:16နှောင့်ရှက် ခြင်းနှင့် ယှဉ်၍ ကြီးစွာ သော စည်းစိမ်ထက် ထာဝရဘုရား ကိုကြောက်ရွံ့ ခြင်းနှင့် ယှဉ် သောဥစ္စာ အနည်းငယ် သည် သာ၍ ကောင်း ၏။
Proverbs 19:22လူ သည်စေတနာ ရှိလျှင် ကျေးဇူး ပြုရာ ရောက်၏။ ဆင်းရဲ သောသူသည်လည်း ၊ မုသာ သုံးသော သူ ထက် သာ၍ကောင်း ၏။
Proverbs 28:6မ မှန်သောအမှုကို ပြု သောသူ သည် ငွေ ရတတ်သော်လည်း ၊ ဖြောင့်မတ် ခြင်းလမ်းသို့ လိုက် သော ဆင်းရဲ သားသည် သာ၍ မြတ် ၏။