Ecclesiastes 5:2
သင် ၏နှုတ် သည် သတိ မ လစ်စေနှင့်။ ဘုရား သခင့်ရှေ့ တော်၌ စကား ပြောခြင်းငှါ ၊ သင် ၏စိတ် နှလုံးမ လျင် မမြန်စေနှင့်။ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ သင် သည် မြေကြီး ပေါ် မှာရှိ၏။ ထိုကြောင့် သင် ၏စကား မ များစေ နှင့်။
မြန်မာကျမ်းစာ
In The King James Version
In Context
3အမှု များ သောအားဖြင့် အိပ်မက် မြင် တတ်သကဲ့သို့ ၊ စကား များ သောအားဖြင့် မိုက် သောသူ ၏အသံ ကို ကြားရ၏။
Cross References
Genesis 18:30တဖန် တုံ၊ အိုဘုရား ရှင်၊ စိတ် ရှိတော်မ မူပါနှင့်၊ အကျွန်ုပ် လျှောက် ပါရစေ။ ထို မြို့၌သုံး ဆယ်ကို တွေ့ ကောင်းတွေ့ တော်မူလိမ့်မည်ဟု လျှောက် ဆိုပြန်လျှင် ၊ ထို မြို့၌ သုံး ဆယ်ကိုငါတွေ့ လျှင် ၊ ငါမ ပြု ဟုမိန့် တော်မူ၏။
Genesis 28:20ထိုအခါ ယာကုပ် က၊ ဘုရားသခင် သည် ငါ့ ဘက် ၌ ရှိ လျက် ၊ ငါ ယခု သွားရာလမ်း မှာ ၊ ငါ့ ကို စောင့်မ ၍ စား စရာ အစား ၊ ဝတ် စရာ အဝတ် ကိုပေး သနားတော်မူလျှင် ၎င်း၊
Leviticus 5:4တစုံ တယောက်သောသူသည် ကောင်း သောအမှု၊ မ ကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆို လျက် သစ္စာပြု၍ နောက်တဖန်သိလျှင် ၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ် တစုံ တခုရောက်သော်၎င်း ၊
Judges 11:30ယေဖသ သည် ထာဝရဘုရား အား သစ္စာ ဂတိထားလျက် ၊ အကယ်၍ ကိုယ်တော်သည် အမ္မုန် အမျိုးသားတို့ကို အကျွန်ုပ် လက် ၌ အပ် တော်မူလျှင်၊
Psalms 115:3ငါ တို့၏ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ အလိုတော် ရှိသမျှ အတိုင်း ပြု တော်မူ၏။
Proverbs 20:25ဘုရား အမှု၌စကားလွန်မိ သောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်း သောသူ သည် ကျော့ကွင်း နှင့် တွေ့မိပြီ။