Psalms 115:3
ငါတို့၏ ဘုရားသခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူ၏။ အလိုတော်ရှိသမျှအတိုင်း ပြုတော်မူ၏။
1835 Judson Burmese Bible
In The King James Version
But our God is in the heavens: he hath done whatsoever he hath pleased.
In Context
2သူတို့၏ ဘုရားသခင်သည် အဘယ်မှာရှိ သနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြမည်နည်း။
4သူတို့၏ရုပ်တုများမူကား ငွေလည်းဖြစ်၏။ ရွှေလည်း ဖြစ်၏။ လူလက်ဖြင့် လုပ်သောအရာပေတည်း။
Cross References
Job 23:13သို့ရာတွင် သဘောတညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။
Psalms 68:4ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။
Psalms 123:1ကောင်းကင်ဘုံ၌ ကျိန်းဝပ်တော် မူသောဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ၏။
Isaiah 46:10အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသော အမူအရာတို့ကို၎င်း ဘော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည် ဟု ဆိုလျက်၊
Daniel 4:35မြေကြီးသားအပေါင်းတို့သည် ရှေ့တော်၌ အဘယ်မျှမဟုတ်သကဲ့သို့ဖြစ်ကြ၏။ ကောင်းကင်ဗိုလ်ခြေ တို့၌၎င်း၊ မြေကြီးသားတို့၌၎င်း အလိုတော်ရှိသည်အတိုင်း စီရင်ပြုပြင်တော်မူ၏။ လက်တော်ကို အဘယ်သူမျှ မဆီးတားနိုင်။ အဘယ်သို့ ပြုသနည်းဟု ကိုယ်တော်ကို ဆိုနိုင်သောသူ မရှိ။
Romans 9:19သို့ဖြစ်လျှင်၊ ဘုရားသခင်သည်အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ အဘယ်သူသည် အလိုတော်ကို ဆီးတားဘူးသနည်းဟု ဆိုမည်လော။