Ecclesiastes 7:3
ပြုံး ရယ်ခြင်းထက် ဝမ်းနည်း ခြင်းသည်သာ၍ကောင်း ၏။ အကြောင်း မူကား၊ မျက်နှာ ညှိုးငယ် သော အားဖြင့် နှလုံး သာ၍ကောင်း တတ်၏။
မြန်မာကျမ်းစာ
In The King James Version
Sorrow is better than laughter: for by the sadness of the countenance the heart is made better.
In Context
Cross References
Psalms 119:67အကျွန်ုပ် သည် ဆင်းရဲ မ ခံမှီလမ်း လွဲပါ၏။ ယခု မူကား ၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့် ပါ၏။
Psalms 126:5မျက်ရည် ကျလျက် မျိုးစေ့ကြဲ သောသူတို့သည် ရွှင်လန်း လျက် စပါး ရိတ်ကြလိမ့်မည်။
Jeremiah 31:8သူ တို့ကို မြောက် ပြည် မှ ငါ ဆောင် ခဲ့၍၊ မြေကြီး စွန်း မှ စုသိမ်း မည်။ မျက်စိ ကန်းသောသူ၊ ခြေဆွံ့ သောသူ၊ ကိုယ်ဝန် ဆောင်သောမိန်းမ၊ သားဘွား ခြင်းဝေဒနာကို ခံရသောမိန်းမများလည်းပါ လျက်၊ ကြီး စွာသော အစည်း အဝေးတို့သည် ပြန် လာကြလိမ့်မည်။
Jeremiah 50:4ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ဣသရေလ အမျိုးသား တို့သည် ယုဒ အမျိုးသား တို့နှင့် ပေါင်းဘက်၍လာ ကြလိမ့်မည်။ မျက်ရည် ကျလျက် ၊ ခရီးသွား လျက် ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ကို သွား ၍ ရှာ ကြလိမ့်မည်။
Daniel 10:2ထို ကာလ ၌ ငါ ဒံယေလ သည် အရက် နှစ်ဆယ် တရက် တိုင်တိုင်ခြိုးခြံစွာကျင့် လျက်နေ၏။
Zechariah 12:10ကျေးဇူး တော်ကိုခံ သောသဘော ၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ် မင်းမျိုး ၊ ယေရုရှလင် မြို့ သားတို့အပေါ် သို့ ငါသွန်းလောင်း သဖြင့် ၊ သူ တို့သည် မိမိတို့ ထိုးဖောက် သော ငါ့ ကို ရှုမြင် ရကြလိမ့်မည်။ တယောက် တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့ ၊ ထိုသူ အတွက် ငိုကြွေး မြည်တမ်းရကြ လိမ့်မည်။ သားဦး အတွက် အဘသည် နာကြဉ်း ရကြ လိမ့်မည်။