The Bible Software
Ecclesiastes · မြန်မာကျမ်းစာ

Ecclesiastes 7

1ကောင်း သောအသရေ သည် နံ့သာ ဆီထက် သာ၍ကောင်း ၏။ သေ ရသောနေ့ သည်လည်း ဘွားမြင် သောနေ့ ထက် သာ၍ကောင်း၏။

2မသာ အိမ် သို့ သွား ခြင်းသည်၊ ပွဲခံ ရာအိမ် သို့ သွား ခြင်းထက် သာ၍ကောင်း ၏။ အကြောင်း မူကား၊ လူ ခပ်သိမ်း တို့သည် မသာအိမ်၌ လမ်း ဆုံးရကြ၏။ အသက်ရှင် လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိ ကြလိမ့်မည်။

3ပြုံး ရယ်ခြင်းထက် ဝမ်းနည်း ခြင်းသည်သာ၍ကောင်း ၏။ အကြောင်း မူကား၊ မျက်နှာ ညှိုးငယ် သော အားဖြင့် နှလုံး သာ၍ကောင်း တတ်၏။

4ပညာရှိ သောသူတို့၏နှလုံး သည် မသာ အိမ် ၌ ရှိ၏။ မိုက် သောသူတို့၏ နှလုံး မူကား ၊ ပျော်မွေ့ ခြင်းပြုရာ အိမ် ၌ ရှိ၏။

5လူမိုက် သီချင်း ဆိုသောစကားကို နားထောင် သည်ထက် ၊ ပညာရှိ ဆုံးမ သောစကားကို နားထောင် သော် သာ၍ကောင်း ၏။

6အကြောင်း မူကား၊ မိုက် သောသူ၏ ရယ် ခြင်း သည် အိုး အောက် ၌ ဆူး ပင်ကိုလောင်သောအသံ နှင့် တူ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။

7အကယ် စင်စစ်၊ ညှဉ်းဆဲ ခြင်းသည် ပညာ ရှိ သောသူကို ရူး စေတတ်၏။ တံစိုး သည်လည်း စိတ် နှလုံးကို ယိုယွင်း စေတတ်၏။

8အမှု ၏အဆုံး သည် အစ ထက် သာ၍ကောင်း ၏။ သည်းခံ တတ်သော သဘော ရှိသောသူသည် မာန ကြီး သော သူထက် သာ၍ကောင်း ၏။

9အမျက် ထွက်သည်တိုင်အောင် စိတ် မ တိုနှင့်။ အမျက် သည် မိုက် သောသူ၏ စိတ်နှလုံး၌ နေရာ ကျတတ် ၏။

10ရှေး ကာလ သည် ယခုကာလထက် အဘယ် ကြောင့်သာ၍ကောင်း သနည်းဟုမ မေး နှင့်။ ထိုသို့မေး လျှင်၊ ပညာ တရားအတိုင်း မေး သည်မ ဟုတ်။

11ပညာ သည် အမွေ ဥစ္စာကဲ့သို့ ကောင်း ၍ ၊ နေ ကို မြင် သောသူတို့ အား ကျေးဇူး ပြုတတ်၏။

12အကြောင်း မူကား၊ ပညာ သည် ကွယ်ကာ တတ် ၏။ ငွေ သည်လည်း ကွယ်ကာ တတ်၏။ ပညာ အတတ် သည် အဘယ်သို့မြတ် သနည်းဟူမူကား၊ ပညာ အတတ်ကို ရ သောသူသည် အသက် ကိုလည်း ရတတ်၏။

13ဘုရား သခင်၏ အမှု တော်ကိုဆင်ခြင် လော့။ ကောက် စေတော်မူသောအရာ ကိုအဘယ်သို့ ဖြောင့် စေ နိုင် သနည်း။

14ကောင်းစား သည်ကာလ ၌ ဝမ်းမြောက် လော့။ ဆင်းရဲ ခံရသည်ကာလ ၌ ဆင်ခြင် လော့။ လူ သည် မိမိ နောက် မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရား သခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့်ပေးတော်မူ၏။

15ငါ သည် အချည်းနှီး နေသောကာလ ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ် သောသူသည်မိမိ ဖြောင့်မတ် ခြင်း၌ ဆုံးရှုံး ကြောင်းကို၎င်း ၊ အဓမ္မ လူ သည် မိမိ အဓမ္မ အမှု၌ အသက်ရှည် ကြောင်းကို၎င်းငါမြင် ၏။

16လွန်ကျူး စွာ မ ဖြောင့်မတ် နှင့်။ လွန်ကျူး စွာ ပညာ မ ရှိနှင့်။ အဘယ် ကြောင့်ကိုယ်အကျိုး ကို ဖျက်ချင် သနည်း။

17လွန်ကျူး စွာမ ဆိုးညစ် နှင့်။ မ မိုက် နှင့်။ အချိန် မ ရောက် မှီ အဘယ် ကြောင့်သေ ချင်သနည်း။

18ဤ စကားကို စွဲလန်း ကောင်း ၏။ လက် မ လွှတ် နှင့်။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူသည် ခပ်သိမ်း သော အမှု ထဲက ထွက်မြောက် လိမ့်မည်။

19မြို့ ထဲ မှာနေ သောသူရဲတကျိပ် ထက် ပညာရှိ သောသူတယောက်သည် ပညာ အားဖြင့် သာ၍တန်ခိုး ကြီး၏။

20အပြစ် မ ပါဘဲ ကောင်း သောအကျင့်ကို ကျင့် သောသူ တော်ကောင်းတစုံ တယောက်မျှ မြေကြီး ပေါ် မှာ မ ရှိ။

21သူတပါးပြောသမျှ သော စကား တို့ကို မ မှတ် နှင့်။ သို့ပြုလျှင်၊ ကိုယ် ကျွန် ကျိန်ဆဲ သောစကားကို ကြား လိမ့်မည်။

22သင်သည်ကိုယ်တိုင် သူတပါး တို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်း ကို၊ ကိုယ် စိတ်နှလုံး ထဲမှာသိ ၏။

23ဤ အမှုအရာအလုံးစုံ တို့ကို ငါသည်ပညာ တရား အားဖြင့် စုံစမ်း ပြီ။ ပညာ နှင့်ငါပြည့်စုံမည်ဟုဆို သော်လည်း ၊ ပညာ သည် ငါ နှင့် ဝေး ၏။

24ဝေး သောအရာ ၊ အလွန်နက်နဲ သောအရာကို အဘယ်သူ ရှာ၍ တွေ့ နိုင်သနည်း။

25ပညာ တရားနှင့် အကျိုး အကြောင်းကို ရှာဖွေ စစ်ဆေး ၍ သိ နားလည်ခြင်းငှါ ၎င်း ၊ မိုက် စွာကျင့်ခြင်း၏ အပြစ်နှင့် ရူး ခြင်း၏အပြစ်ကို သိ နားလည်ခြင်းငှါ ၎င်း၊ ငါနှင့်ငါ့ နှလုံး သည် ဝိုင်း ညီ၍ ကြိုးစားလေပြီ။

26ကျော့ကွင်း နှင့် ပိုက်ကွန် တို့ကို ကြံစည် ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင် တတ်သော မိန်းမ သည်၊ သေ ခြင်းထက် သာ၍ခါး သည်ကို ငါ တွေ့ ပြီ။ ဘုရား သခင်စိတ် တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမ လက် နှင့် လွတ် လိမ့်မည်။ အပြစ် ပြုတတ်သောသူကိုကား ၊ ဘမ်းမိ လိမ့်မည်။

27ဓမ္မဒေသနာဆရာ ဆို သည်ကား ၊ ငါ ရှာ ၍ မ တွေ့ သေး သောအရာ ကို တွေ့ အံ့သောငှါ၊ တခု နောက် တခု စစ်ဆေး ချင့်တွက်သောအခါ၊

28ယောက်ျား တထောင် တို့တွင် တယောက် ကို ငါတွေ့ ပြီ။ မိန်းမ တထောင်တို့တွင် တယောက်ကိုမျှ ငါမ တွေ့။

29ငါတွေ့ သောအရာ တခု တည်းဟူမူကား ၊ ဘုရား သခင် သည် လူ ကိုဖြောင့်မတ် အောင် ဖန်ဆင်း တော်မူသော်လည်း ၊ လူ တို့သည် များ ပြားသော အကြံအစည် တို့ကို ရှာဖွေ ကြံစည်ကြပြီ။

← Ecclesiastes 6Read In The App, Free →Ecclesiastes 8 →

Study Ecclesiastes 7

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112