Ecclesiastes 8:13
အဓမ္မ လူကား၊ ဘုရား သခင်ရှေ့ တော်၌ မ ကြောက် မရွံ့သောကြောင့် ၊ ကောင်း သောအကျိုးကို မ ခံရ။ အရိပ် နှင့် တူသော မိမိ အသက်လည်း မ ရှည် ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 14:2ပန်းပွင့် ကဲ့သို့ ပွင့် ၍ ရိတ် ဖြတ်ခြင်းကိုခံရပါ၏။ မ တည် မရပ်ဘဲ အရိပ် ကဲ့သို့ ရွေ့ သွားတတ်ပါ၏။
Job 20:5ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။
Psalms 11:5ထာဝရဘုရား သည် ဖြောင့်မတ် သောသူကို စုံစမ်း တော်မူ၏။ မတရား သောသူနှင့် လုယူ ဖျက်ဆီးလို သော သူကိုဝိညာဉ် တော်သည် မုန်း တော်မူ၏။
Psalms 39:5အကျွန်ုပ် အသက် တာကို တမိုက် မျှသာ ခန့်ထား တော်မူပြီ။ အကျွန်ုပ် အရွယ် သည် ရှေ့ တော်၌ ဘာမျှ မဟုတ် သကဲ့သို့ ဖြစ်ပါ၏။ အကယ် စင်စစ်လူမည်သည် ကား၊ လူ ၏အထွဋ် သို့ ရောက် သော်လည်း၊ အနတ္တ သက် သက်ဖြစ်ပါ၏။
Psalms 144:4လူ သည်အငွေ့ နှင့် တူပါ၏။ သူ ၏နေ့ရက် တို့သည် လွန်သွား တတ်သော အရိပ် ကဲ့သို့ ဖြစ်ကြပါ၏။
Isaiah 3:11မတရား သောသူသည်အမင်္ဂလာ ရှိ၏။ မကောင်း သော အမှုနှင့်တွေ့လိမ့်မည်။ အကြောင်း မူကား၊ သူ ကျင့် သောအကျင့် တို့၏အပြစ် ကို သူ ၌ ဆပ် ပေးရလိမ့်မည်။