The Bible Software
Ecclesiastes · မြန်မာကျမ်းစာ

Ecclesiastes 8

1အဘယ်သူ သည် ပညာရှိ သောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲ သောအနက်ကို အဘယ်သူ နားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်း စေတတ်၏။ ထိုသူ ၏ မျက်နှာ သည် အထူးသဖြင့် ရဲရင့် သောအဆင်း ရှိတတ်၏။

2ဘုရားသခင့် ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင် အမိန့် တော်ကို စောင့် လော့။

3သမ္မာ သတိလစ်၍ အထံ တော်မှမ ထွက် နှင့်။ မ ကောင်းသောအမှု ကို မဆွဲမကိုင်နှင့်။ အလိုတော် ရှိသည် အတိုင်း စီရင် တော်မူမည်။

4ရှင်ဘုရင် အမိန့် တော်၌ တန်ခိုး ပါ၏။ ကိုယ်တော် သည် အဘယ်သို့ ပြု သနည်းဟု အဘယ်သူ ဆို ရာ သနည်း။

5အမိန့် တော်ကိုစောင့် သောသူသည် ရာဇဝတ် နှင့် လွတ် လိမ့်မည်။ ပညာရှိ သောသူ၏ စိတ်နှလုံး သည်လည်း ၊ ကာလ အချိန်ကို၎င်း၊ စီရင် ရသောအခွင့်ကို၎င်းသိမြင် တတ်၏။

6လူကြံစည် သမျှ အဘို့ ၊ ကာလ အချိန်နှင့် စီရင် ရသော အခွင့်ရှိ ၏။ သို့သော်လည်း ၊ လူ သည် အလွန် ဆင်းရဲ ခြင်းကို ခံရ၏။

7နောက်ဖြစ် လတံ့သောအရာ ကိုမ သိ။ အဘယ်သို့ ဖြစ် လတံ့သည်ကို တစုံတယောက်မျှမပြော နိုင်ရာ။

8နံဝိညာဉ် ကို အစိုးရ၍ ချုပ် ထားနိုင်သော လူ တယောက် မျှမရှိ။ သေ ချိန် ရောက်သောအခါ တန်ခိုး မ ရှိ။ ထို စစ်မှု ထဲက ထွက် စရာအခွင့်မ ရှိ။ ဒုစရိုက်ကို ပြုသော်လည်း၊ ဒုစရိုက် သည် ထိုအမှုထဲက မ ကယ် မနှုတ်နိုင်။

9ဤ အမှုအရာအလုံးစုံ တို့ကို ငါတွေ့မြင် ပြီ။ နေ အောက် မှာပြု လေသမျှ တို့ကို ဆင်ခြင် ပြီ။ မိမိ အကျိုးပျက် အောင် တယောက် ကို တယောက် အုပ်စိုး သောအချိန် လည်း ရှိ၏။

10ထို မှတပါး၊ သန့်ရှင်း ရာအရပ် ဌာနတော်သို့ သွား လာသောအဓမ္မ လူတို့သည် သင်္ဂြိုဟ် ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မ ပြု ဘူးသောမြို့ ၌ သူတို့ကိုအဘယ်သူမျှ မအောက်မေ့ ကြောင်းကို ၎င်းငါမြင် ပြီ။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။

11အဓမ္မ အမှု ကို အလျင်အမြန် စစ်ကြော ၍၊ ဒဏ် မ ပေးသောကြောင့် ၊ လူ သား တို့သည် အဓမ္မ အမှုကို ပြု ခြင်းငှါ ၊ ခိုင်မာ စွာ သဘော ထားကြ၏။

12အဓမ္မ လူသည် အကြိမ်တရာ တိုင်အောင်အဓမ္မ အမှုကိုပြု ၍ ၊ အသက် တာရှည်သော်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ သောကြောင့် ၊ ကောင်း သောအကျိုးကိုခံရ ကြမည်ဟု ငါ အမှန် သိ ၏။

13အဓမ္မ လူကား၊ ဘုရား သခင်ရှေ့ တော်၌ မ ကြောက် မရွံ့သောကြောင့် ၊ ကောင်း သောအကျိုးကို မ ခံရ။ အရိပ် နှင့် တူသော မိမိ အသက်လည်း မ ရှည် ရ။

14မြေကြီး ပေါ် မှာ ဖြစ် တတ်သော အနတ္တ အမှု တပါးဟူမူကား၊ အဓမ္မ လူပြုသောအမှု ကြောင့် ခံ ထိုက် သည်အတိုင်း ၊ ဖြောင့်မတ် သောသူအချို့တို့သည် အပြစ်ကိုခံရ ကြ၏။ ထိုနည်းတူ ၊ ဖြောင့်မတ် သောသူ ပြုသောအမှု ကြောင့် ခံ ထိုက်သည်အတိုင်း ၊ အဓမ္မ လူအချို့တို့သည် အကျိုးကိုခံရ ကြ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ် သည်ဟု ငါ့သဘော ရှိ၏။

15ထိုအခါ ပျော်မွေ့ ခြင်းအမှုကို ငါ ချီးမွမ်း ၏။ အကြောင်း မူကား၊ လူ သည်နေ အောက် မှာ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မ ရှိ။ နေ အောက် မှာ ဘုရား သခင်ပေး သနားတော်မူသောအသက် ကာလ ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။

16လူအချို့တို့သည် တနေ့ နှင့် တညဉ့်လုံး မ အိပ် ဘဲ နေတတ်သည်ဖြစ်၍၊ ပညာ တရားကို သိ ခြင်းငှါ ၎င်း၊ မြေကြီး ပေါ်မှာပြု သောအမှု များကို ကြည့်ရှု ခြင်းငှါ ၎င်း ၊ ငါသည် ကိုယ် နှလုံး ကို နှိုးဆော် ၏။

17ဘုရား သခင်ပြုတော်မူသောအမှု အလုံးစုံ တို့ကို ငါကြည့်ရှု သောအခါ ၊ နေ အောက် မှာ ပြု သောအမှု များကို လူ သည် စစ် ၍ မ ကုန်နိုင်။။ ကြိုးစား ၍ စစ် သော်လည်း ၊ အကုန်အစင်မ သိ နိုင်။။ ထိုမျှ မက၊ ပညာရှိ သောသူသည် ငါသိမည်ဟု ကြံ သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။

← Ecclesiastes 7Read In The App, Free →Ecclesiastes 9 →

Study Ecclesiastes 8

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112