Ecclesiastes 9:3
နေအောက်မှာ ပြုသမျှသောအမှု၌ပါသော ဝမ်း နည်းစရာဟူမူကား၊ ခပ်သိမ်းသောသူတို့သည် တခုတည်း သောအမှုနှင့် တွေ့ကြုံရကြ၏။ အကယ်စင်စစ် လူသားတို့ ၏ စိတ်နှလုံးသည် ဒုစရိုက်သဘောနှင့်ပြည့်၏။ အသက် ရှင်စဉ်အခါ၊ သူတို့သည် ရူးသောစိတ်ကို စွဲလမ်း၍၊ နောက်တဖန် သေသွားတတ်ကြ၏။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Genesis 8:21ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်။
Job 15:16သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူသတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။
Psalms 51:5အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲ၏။
Proverbs 14:32မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။
Ecclesiastes 2:14ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
Ecclesiastes 8:11အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။