The Bible Software
Ephesians · မြန်မာကျမ်းစာ

Ephesians 1

1ဘုရားသခင် ၏အလို တော်အားဖြင့် ၊ ယေရှု ခရစ် ၏တမန်တော် ဖြစ်သော ငါပေါလု သည် ဧဖက် မြို့၌ နေ သော သန့်ရှင်း သူတည်းဟူသောယေရှု ခရစ် ကိုယုံကြည် သောသူတို့ကို ကြားလိုက်ပါ၏။

2သခင် ယေရှု ခရစ် နှင့် ငါ တို့အဘ တည်းဟူသောဘုရားသခင် ထံ တော်က ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌ ရှိပါစေသော။

3ငါ တို့သည်ဘုရားသခင့် ရှေ့ တော်၌ မေတ္တာ အားဖြင့် သန့်ရှင်း လျက်၊ အပြစ် ကင်းလွတ်လျက် ဖြစ် မည် အကြောင်း၊

4ဤကမ္ဘာ မ တည် မရှိမှီငါ တို့ကိုခရစ်တော် ၌ ရွေးကောက် တော်မူသည်နှင့်အညီ ။ ကောင်းကင် ဘုံနှင့် ဆိုင်သော အရာတို့၌ ခပ်သိမ်း သော ဓမ္မ မင်္ဂလာ တို့ကို ခရစ်တော် အားဖြင့် ငါ တို့အား ပေး သနားတော်မူသော ငါ တို့သခင် ယေရှု ခရစ် ၏ ခမည်းတော် ဘုရားသခင် သည် မင်္ဂလာ ရှိတော်မူစေသတည်း။

5ထို ဘုရားသခင် သည် ချစ် တော်မူသောသားတော်ကြောင့် ၊ ငါ တို့အား ပေး တော်မူသောကျေးဇူး တော်၏ ဘုန်း အသရေကိုချီးမွမ်း စေခြင်းငှာ ၊

6ငါ တို့သည် ယေရှု ခရစ် အားဖြင့် သား အရာကို ရမည်အကြောင်း ၊ အလို တော်ရှိသောစေတနာ အတိုင်း ရှေးမဆွက ခွဲခန့် မှတ်သားတော်မူ၏။

7ခပ်သိမ်း သော သတိ ပညာ တော်နှင့် လျော် စွာငါ တို့၌ အတိုင်းထက်အလွန်များ လှစွာသော ကျေးဇူး တော်သည် ကြွယ်ဝ ပြည့်စုံသည်နှင့်အညီ ၊

8ထိုသား တော်၏အသွေး အားဖြင့် အပြစ် လွှတ် တော်မူခြင်း တည်းဟူသောရွေးနှုတ် တော်မူခြင်း ကျေးဇူးကို ငါတို့သည်ခံရ ကြ၏။

9ဘုရားသခင် သည် နှလုံး သွင်းတော်မူသော စေတနာ တော်နှင့် လျော်သောအလို တော်၏ နက်နဲ သော အရာကို ငါ တို့အား ပြ တော်မူ၏။

10ထိုနက်နဲသောအရာဟူမူကား၊ ကာလ အချိန်စေ့ စုံခြင်း၏ သာသနာ တွင် ကောင်းကင် ပေါ် ၊ မြေကြီး ပေါ်မှာ ရှိရှိသမျှ တို့ကိုပေါင်း ၍ ခရစ်တော် ၌ ချုပ်ခြာစေတော်မူလိမ့်သတည်း။

11မိမိ စေတနာ ၏အလို တော်သို့လိုက်၍ အလုံးစုံ တို့ကို စီရင်ပြုပြင် တော်မူတတ်သော သူ ၏ကြံစည် ခြင်းရှိသည်အတိုင်း ၊ ရှေးမဆွက ခွဲခန့် မှတ်သားတော်မူသည်နှင့်အညီ ၊ ငါတို့သည် ထိုခရစ်တော် အားဖြင့် အမွေခံ ဖြစ်ကြ၏။

12အကြောင်းမူကား ၊ ခရစ်တော် ကို မျှော်လင့် နှင့်သော ငါ တို့အားဖြင့်ဘုန်း တော်ကို ချီးမွမ်း စေခြင်း အကြောင်း ဖြစ် သတည်း။

13သင် တို့သည်လည်း ကယ်တင် တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိ တရားတည်းဟူသောသမ္မာတရား ကိုကြားနာ ၍ ထိုခရစ်တော် ကို ယုံကြည် ပြီးမှ၊ ဂတိ တော်နှင့်ယှဉ်သော သန့်ရှင်း သော ဝိညာဉ် တော်၏ တံဆိပ် ခတ်ခြင်းကို ခံရကြပြီ။

14ပိုင်ထိုက် တော်မူသောသူ တို့သည် ဘုန်း တော်ကို ချီးမွမ်း ခြင်းအကြောင်း နှင့် ရွေးနှုတ် တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံးထိုဝိညာဉ်တော်သည် ငါ တို့ အမွေ ၏ စားရန် ဖြစ် တော်မူ၏။

15ထိုကြောင့် သင် တို့သည်သခင် ယေရှု ကို ယုံကြည် ခြင်းနှင့် သန့်ရှင်း သူအပေါင်း တို့ကို ချစ် ခြင်းအကြောင်း ကို ငါ သည်ကြား ပြီးလျှင်၊

16သင်တို့ကိုအကြောင်းပြု၍ ကျေးဇူး တော်ကို အစဉ် မ ပြတ်ချီးမွမ်းလျက်၊ သင် တို့အဘို့ အလိုငှာ ဆုတောင်း ပဌနာပြု လျက်နေ၏။

17ဆုတောင်းသောအချက်ဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ၏ ဘုရားသခင် ဖြစ်တော်မူသောဘုန်းကြီး သော အဘ ခမည်းတော်သည် ကိုယ်တော် မြတ်ကို သိ ခြင်း အလိုငှာ ပညာ ကို၎င်း ၊ ထိုးထွင်း သောဉာဏ် ကို၎င်း၊ သင် တို့အား ပေး ပါမည်အကြောင်း ၊

18ခေါ် တော်မူသောကြောင့် မြော်လင့် ရသောအရာကား အဘယ် အရာဖြစ် သည်ကို၎င်း၊ သန့်ရှင်း သူတို့ သည် ခံရသောအမွေ တော်၏ ဘုန်း စည်းစိမ် ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊

19ယုံကြည် သောငါ တို့၌ ပြတော်မူသော အလွန် ကြီးလှ စွာသော တန်ခိုး တော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင် တို့သည်သိ စေခြင်းငှာ၊ သင် တို့၏ ဉာဏ် မျက်စိ ကို လင်း စေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။

20ထိုတန်ခိုးတော်ကား၊ ခရစ်တော် ကိုသေ ခြင်းမှ ထမြောက် စေတော်မူ၍ ခရစ်တော်၌ပြုပြင် သော မဟာ တန်ခိုး အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။

21ခပ်သိမ်း သော အထွဋ်အမြတ် ၊ အာဏာစက် ၊ တန်ခိုး ၊ အစိုးရ ခြင်းမှစ၍ယခု ဘဝ နောင် ဘဝ၌ ခေါ်ဝေါ် သမုတ်သောဘွဲ့နာမ အလုံးစုံ တို့အထက်၊ ကောင်းကင် အရပ်၌ မိမိ လက်ျာ တော်ဘက်မှာ အလွန်မြင့်မြတ် သောနေရာကို ခရစ်တော်အား ပေး တော်မူ၍ ၊

22ခြေဘဝါး တော်အောက် သို့ အလုံးစုံ တို့ကို ချထား သဖြင့် ၊ အသင်းတော် ဘို့ အလိုငှာ၊ သူ့ ကိုအလုံးစုံ တို့၏ အချုပ်အခြာ ဦးခေါင်း ဖြစ် စေတော်မူ၏။

23ထိုအသင်းတော်ကား၊ အလုံးစုံ တို့ကို အလုံးစုံ တို့နှင့် ပြည့်စုံ တော်မူသောသူ ၏ပြည့်စုံ ခြင်းတည်းဟူသောခရစ်တော် ၏ကိုယ် ဖြစ် သတည်း။

← ဂလာတိဩဝါဒစာ 6Read In The App, Free →Ephesians 2 →

Study Ephesians 1

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Robertson's Word PicturesReina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456