Esther 2:23
ထိုအမှု ကို စစ်ကြော ၍ အမှန် သိသောအခါ ၊ ထိုသူ နှစ် ယောက်တို့ကို သစ်ပင် ၌ လည်ဆွဲ ချပြီးမှ ၊ ရှင်ဘုရင် ရှေ့ ၊ နန်းတော်မှတ် စာ၌ ရေး မှတ်သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 40:22စား တော်ဝန်ကိုမူကား ၊ ဆွဲ ထားတော်မူ၏။
Joshua 8:29အာဣ မင်းကြီး ကို ညဦး တိုင်အောင် သစ်ပင် တွင် ဆွဲ ထား၍ ၊ မိုဃ်းချုပ် သောအခါ ၊ ယောရှု စီရင် သည် အတိုင်း၊ အသေကောင် ကို သစ်ပင် က ချ ပြီးလျှင် မြို့ တံခါးဝ ၌ ပစ် ထား၍ ၊ အသေကောင် အပေါ် ၌ များစွာ သော ကျောက် တို့ကို စုပုံ ကြ၏။ ထိုကျောက်ပုံသည် ယနေ့ တိုင်အောင် ရှိ၏။
Esther 5:14ထိုအခါ မယား ဇေရက် နှင့် အဆွေ ခင်ပွန်းရှိသမျှ တို့က၊ အတောင် ငါးဆယ် မြင့် သော လည်ဆွဲချတိုင် ကိုစိုက် ပါစေ။ ထိုတိုင် ၌ မော်ဒကဲ ကိုလည်ဆွဲ ချစေမည် အကြောင်း နက်ဖြန် သံတော်ဦး တင်လော့။ ထိုနောက်မှစိတ်ရွှင်လန်း လျက် ရှင်ဘုရင် နှင့်အတူ ပွဲ သို့ ဝင် လော့ဟု ပြောဆိုသောစကား ကို ဟာမန်သည် နှစ်သက် ၍၊ လည်ဆွဲ ချတိုင်ကို လုပ် စေ၏။
Esther 7:10ထိုသို့ မော်ဒကဲ အဘို့ လုပ် သော လည်ဆွဲ ချတိုင်၌ ဟာမန် ကို ဆွဲ ချကြ၏။ ရှင်ဘုရင် လည်း စိတ် ပြေ တော်မူ ၏။
Malachi 3:16ထိုအခါ ထာဝရဘုရား ကို ကြောက်ရွံ့ သော သူတို့ သည် တယောက် ကိုတယောက်နှုတ်ဆက်၍ ပြောဆို ကြ၏။ ထာဝရဘုရား သည်လည်း နားထောင် ၍ ကြား တော်မူ၏။ ထာဝရဘုရား ကို ကြောက်ရွံ့ ၍ နာမ တော်ကို အောက်မေ့ သောသူတို့အဘို့ ၊ ရှေ့ တော်တွင် စာရင်း ၌ မှတ်သား လျက်ရှိ၏။