Esther 4:1
ထို အမှုရှိသမျှ ကို မော်ဒကဲ သိ သောအခါ ၊ မိမိ အဝတ် ကိုဆုတ် ၍ ပြာ နှင့်လူးလျက် ၊ လျှော်တေ အဝတ်ကို ဝတ် လျက် ၊ မြို့ အလယ် သို့ သွား ၍ ကြီးကျယ် သောအသံ နှင့် ငိုကြွေး လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Genesis 37:34မိမိ အဝတ် ကို ဆွဲဆုတ် ၍ ၊ လျှော်တေ အဝတ်ကို ပတ်စည်း သဖြင့် ၊ အင်တန် ကာလပတ်လုံး၊ သား ကြောင့် စိတ် မသာ ညည်းတွားလျက် နေလေ၏။
2 Samuel 1:11ထိုအခါ ဒါဝိဒ် သည် မိမိ အဝတ် ကိုဆွဲဆုတ် ၍ ၊ သူ ၏လူ အပေါင်း တို့သည် ထိုနည်းတူပြုကြ၏။
Esther 3:8တဖန် ဟာမန် သည် ရှင်ဘုရင် အာရွှေရု ထံ တော် သို့ဝင်၍၊ အခြားတပါး သော လူမျိုး အပေါင်း တို့နှင့် ကျင့် ရာ ထုံးတမ်းမ တူ၊ အရှင်မင်းကြီး စီရင် တော်မူချက်တို့ကို နား မ ထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သားအမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသောလူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။
Job 1:20ထိုအခါ ယောဘ သည် ထ ၍ မိမိ ဝတ်လုံ ကို ဆုတ် လေ၏။ ဆံပင် ကိုလည်း ရိတ် ၍ မြေ ပေါ်မှာဝပ် လျက် ကိုးကွယ် ပြီးလျှင် ၊ ငါသည် အဝတ် မပါဘဲ အမိ ဝမ်း ထဲက ထွက် လာ၏။
Job 42:6ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံ့ရှာ ပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ ၌ထိုင်၍ နောင်တရ ပါ၏ဟု လျှောက် လေ၏။
Isaiah 22:4ထိုကြောင့် ငါဆို သည်ကား၊ ငါ့ ကိုမကြည့် ပါနှင့်။ ပြင်း စွာငို ရမည်။ ငါ့ အမျိုး သတို့သမီး ပျက်စီး သည်ဖြစ်၍၊ ငါ့ စိတ် ပြေစေခြင်းငှါ မ ကြိုးစား ပါနှင့်။