Isaiah 22:4
ထိုကြောင့် ငါဆို သည်ကား၊ ငါ့ ကိုမကြည့် ပါနှင့်။ ပြင်း စွာငို ရမည်။ ငါ့ အမျိုး သတို့သမီး ပျက်စီး သည်ဖြစ်၍၊ ငါ့ စိတ် ပြေစေခြင်းငှါ မ ကြိုးစား ပါနှင့်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Ruth 1:20သူကလည်းနောမိ ဟူ၍မ ခေါ် ပါနှင့်။ မာရ ဟူ၍ခေါ် ပါ။ အနန္တ တန်ခိုးရှင်သည် ငါ့ အား အလွန် ခါး သောအရာကိုပေးတော်မူပြီ။
Psalms 77:2ဘေး ရောက်သည်ကာလ ၌ ငါ သည် ထာဝရ ဘုရား ကို ရှာ ရ၏။ ညဉ့် အချိန်၌ ပင်လက် ကို ဆန့် လျက် နေရ၏။ ငါ့ ဝိညာဉ် သည် သက်သာ ခြင်းကို ငြင်းပယ် ၏။
Isaiah 33:7သူရဲ တို့သည် ပြင် ၌ အော်ဟစ် ကြ၏။ မိဿဟာယ စကားကို ပြောသော တမန် တော်တို့သည် ပြင်း စွာငိုကြွေး ကြ၏။
Jeremiah 6:26အို ငါ ၏လူမျိုး သတို့သမီး ၊ လျှော်တေ အဝတ်ကို ဝတ် စည်း၍ ပြာ ၌ လူး လဲလော့။ တ ယောက်တည်း သော သားသေသည်ကို ငိုကြွေး သကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်း လော့။ လုယူဖျက်ဆီး သောသူသည် ငါ တို့ ကို ချက်ခြင်း တိုက် လိမ့်မည်။
Jeremiah 9:1ငါ ၏လူမျိုး သတို့သမီး နှင့်ဆိုင်သော အသေ ကောင်များအတွက်၊ ငါသည်နေ့ ညဉ့် မပြတ် ငို ရမည် အကြောင်း၊ ငါ့ ဦးခေါင်း သည် ရေ သက်သက်၊ ငါ့ မျက်စိ တို့ သည် မျက်ရည် ထွက်သော စမ်း ဖြစ်ပါစေသော။
Jeremiah 31:15ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ရာမ အရပ် ၌ သည်း စွာသော ညည်းတွား ငိုကြွေး ခြင်းအသံ ကို ကြား ရ ၍၊ ရာခေလ သည် မိမိ သား တို့မ ရှိသောကြောင့် ၊ ငို ၍ စိတ် မပြေနိုင်။