The Bible Software
bible.software › Esther › Esther 6 › Esther 6:12

Esther 6:12

သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကို ခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွား ပြီးလျှင်၊

1835 Judson Burmese Bible

In The King James Version

And Mordecai came again to the king’s gate. But Haman hasted to his house mourning, and having his head covered.

In Context

11ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကို ယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွား လျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှါ အလိုတော်ရှိသော သူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။

13မိမိ၌ဖြစ်လေသမျှကို မယားဇရက်နှင့် အဆွေ ခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက် နှင့် ဟာမန်၏ အဆွေပညာရှိတို့ကလည်း၊ ကိုယ်တော် ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ် တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည် ဟု ပြန်ပြောကြ၏။

Read all of Esther 6

Cross References

1 Samuel 3:15ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ၊ ထာဝရဘုရား၏ အိမ်တော်တံခါးတို့ကို ဖွင့်လေ၏။ မြင်ရ သော ရူပါရုံကို ဧလိအား မကြားမပြောဝံ့။

2 Samuel 17:23အဟသောဖေလသည် မိမိပေးသောအကြံသို့ မလိုက်ကြသည်အကြောင်းကို သိမြင်သောအခါ၊ မြည်းကို ကုန်းနှီးတင်စေပြီးလျှင်ထ၍ မိမိနေရင်းမြို့ မိမိအိမ်သို့ သွားသဖြင့် အိမ်မှုအိမ်ရေးများကို စီရင်ပြီးမှ လည်ကြိုး တပ်၍ သေလေ၏။ ဘိုးဘေးတို့သင်္ချိုင်း၌ သဂြိုဟ်ကြ၏။

1 Kings 21:4ဘိုးဘေးမှ အမွေခံသော မြေကို မပေးရဟု ယေဇရေလမြို့သား နာဗုတ်လျှောက်သော စကား ကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့် ညှိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကို လွှဲ၍သာလွန်ပေါ်မှာ အိပ်လျက်နေ၏။

2 Chronicles 26:20ယဇ်ပုရောဟိတ်မင်းနှင့် ယဇ်ပုရောဟိတ် အပေါင်းတို့သည် ကြည့်ရှု၍၊ နဖူးတော်၌ နူနာစွဲသည် ကိုမြင်လျှင်၊ ရှင်ဘုရင်ကို ပြင်သို့နှင်ထုတ်ကြ၏။ ရှင်ဘုရင် ကိုယ်တိုင်လည်း၊ ထာဝရဘုရားဒဏ်ခတ်တော်မူသော ကြောင့်၊ အလျင်အမြန်ထွက်လေ၏။

Esther 7:8ရှင်ဘုရင်သည် ဥယျာဉ်တော်မှ စပျစ်ရည် သောက်ပွဲခံရာအရပ် သို့ ဝင်ပြန်သောအခါ၊ ဧသတာထိုင် သော သာလွန်နားမှာ ဟာမန်သည် ပြပ်ဝပ်လျက်နေ သည်ကို မြင်လျှင်၊ ဤသူသည် နန်းတော်၌ ငါ့ရှေ့မှာ မိဖုရားကို အဓမ္မပြုရမည်လောဟု မိန့်တော်မူစဉ်တွင်၊ အခြံအရံတို့သည် ဟာမန်၏ မျက်နှာကိုဖုံးကြ၏။

Job 20:5ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Esther 6:12

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Esther 6:11Esther 6Esther 6:13 →