ထွက်မြောက်ရာကျမ်း 15:21
မိရိအံ ကလည်း ၊ ထာဝရဘုရားသည် ဘုန်းပွင့် လျက် အောင်ပွဲ ကို ခံတော်မူသည်ဖြစ်၍ ၊ ကိုယ်တော် အား သီချင်း ဆိုကြလော့။ မြင်း နှင့် မြင်းစီး သူရဲကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီဟု သူ တို့နှင့် အသံပြိုင်၍ ဆို လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 15
Cross References
Exodus 15:4ဖာရော ဘုရင်၏ ရထား နှင့် ဗိုလ်ခြေ တို့ကို ပင်လယ် ထဲသို့ လှဲချ တော်မူပြီ။ ရွေး သော ဗိုလ် မင်းတို့သည်၊ ဧဒုံ ပင်လယ် ထဲ၌ မြုပ် လျက်ရှိကြ၏။
1 Samuel 18:7ရှောလု အထောင်ထောင် ၊ ဒါဝိဒ် အသောင်းသောင်း သတ် လေစွတကားဟု အလှည့်လှည့် သီချင်း ဆိုကြ၏။
Psalms 24:7အချင်းတံခါးတို့၊ တံခါး မုတ် ကိုကြွ လိုက်ကြ။ အချင်းထာဝရ တံခါး တို့၊ ကိုယ်ကိုကြွ လိုက်ကြ။ ဘုန်းကြီး သောရှင်ဘုရင် ဝင် တော်မူမည်။
Isaiah 5:1ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။
Revelation 7:10သူတို့ကလည်း ၊ ပလ္လင် ပေါ်မှာ ထိုင် တော်မူသော ငါ တို့၏ ဘုရားသခင် နှင့် သိုးသူငယ် သည် ကယ်တင် တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီး သော အသံ နှင့်ကြွေးကြော် ကြ၏။
Revelation 15:3မီး နှင့်ရော သော ဖန် ရေကန် ကဲ့သို့ ရှိသည်ကိုလည်း မြင် ရ၏။ သားရဲ နှင့်၎င်း၊ သူ ၏ရုပ်တု နှင့်၎င်း၊ သူ ၏နာမ အရေအတွက် နှင့်၎င်း၊ လွတ်၍ အောင်မြင် သော သူ တို့သည်၊ ဘုရားသခင် ၏ စောင်း တော်တို့ကို ကိုင် လျက်၊ ဖန် ရေကန် နား မှာ ရပ် နေကြသည်ကို မြင်ရ၏။