ထွက်မြောက်ရာကျမ်း 19:9
ထာဝရဘုရား ကလည်း ကြည့်ရှု လော့။ သင် နှင့် ငါ ပြော သောအခါ လူ များတို့သည် ကြား ၍ အစဉ်အမြဲ သင့် ကို ယုံ မည်အကြောင်း ၊ မိုဃ်းတိမ် တိုက် ၌ သင့် ဆီ သို့ ငါ လာ မည်ဟု မောရှေ အား မိန့် တော်မူ၏။ မောရှေ သည်လည်း ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ပြန်ပြော လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 19
Cross References
Exodus 14:31ထိုသို့ အဲဂုတ္တု လူတို့၌ ထာဝရဘုရား ပြု တော်မူသော အမှု ကြီး ကို၊ ဣသရေလ လူတို့သည် မြင် ၍ ၊ ထာဝရဘုရား ကို ကြောက်ရွံ့ ကြ၏။ ထာဝရဘုရား နှင့် ကိုယ်တော် ၏ ကျွန် မောရှေ ကို ယုံကြည် ကြ၏။
Exodus 20:21လူ များတို့သည်လည်း အဝေး ၌ ရပ် နေကြ၏။ မောရှေ မူကား ၊ ဘုရား သခင်ရှိတော်မူရာ ထူထပ် သော မှောင်မိုက်သို့ ချဉ်းကပ် လေ၏။
Deuteronomy 4:10ထိုအခါ ထာဝရဘုရား က၊ လူ များတို့ကို ငါ့ ထံမှာ စုဝေး စေလော့။ သူ တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး ငါ့ ကို ကြောက်ရွံ့ ၍ သား မြေး တို့အား သွန်သင် စေခြင်းငှာ။ ငါ့ စကား ကို ကြား စေမည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း၊
Deuteronomy 4:36သင် တို့ကို သွန်သင် ၍ ကောင်းကင် ထဲက စကား တော်သံကို ကြား စေတော်မူပြီ။ မြေကြီး ပေါ် မှာ ကြီးစွာ သော မီး တော်ကိုလည်း ပြ တော်မူ၍၊ သင်တို့သည် မီး ထဲက စကား တော်ကို ကြား ရကြပြီ။
2 Chronicles 6:1ရှောလမုန် ကလည်း၊ ထာဝရဘုရား သည်၊ ထူထပ် သော မှောင်မိုက်ထဲမှာ နေ တော်မူသည်ဟု စကား တော်ရှိ၏။
Psalms 18:11မှောင်မိုက် ထဲမှာ ပုန်း ကွယ်တော်မူ၍၊ တခဲနက် သောရေ နှင့်ထူထပ်သော မိုဃ်း တိမ် တို့သည် ကိုယ်တော် ကို ကာရံ လျက်ရှိကြ၏။