ထွက်မြောက်ရာကျမ်း 2:25
ဘုရား သခင်သည်လည်း ၊ ဣသရေလ အမျိုးသား တို့ကို ကြည့်ရှု ၍ သူတို့အမှုကို ဆင်ခြင် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
And God looked upon the children of Israel, and God had respect unto them.
In Context
Read all of ထွက်မြောက်ရာကျမ်း 2
Cross References
Exodus 3:7ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသောငါ ၏လူ တို့ခံရသောညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ကို စေခိုင်း သော သခင်တို့ကြောင့် သူ တို့မြည်တမ်း သောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့နာကြည်း ခြင်း ဝေဒနာကို ငါသိ ၏။
Exodus 4:31ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။
Deuteronomy 26:7ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ကို အော်ဟစ် ၍ လျှောက်ကြသောအခါ၊ ထာဝရဘုရား သည် နားထောင် တော်မူသဖြင့် ၊ အကျွန်ုပ် တို့ ခံရသောညှဉ်းဆဲ နှိပ်စက်ခြင်း၊ ပင်ပန်း ခြင်းတို့ကို ကြည့်ရှု တော်မူ၏။
2 Samuel 16:12ထာဝရဘုရား သည် ငါ၏ဒုက္ခ ကို ကြည့်ရှု၍ ယနေ့ ထိုသူကျိန်ဆဲ သည်အတွက် ကောင်း သောအကျိုး ကို ပြန် ပေးကောင်း ပေးတော်မူလိမ့်မည်ဟူ၍၎င်း၊ အဘိရှဲ နှင့် ကျွန် တော်မျိုးအပေါင်း တို့အား မိန့် တော်မူ၏။
Psalms 1:6အကြောင်း မူကား၊ ဖြောင့်မတ် သောသူတို့၏ လမ်း ကို ထာဝရဘုရား သိကျွမ်း တော်မူ၏။ မတရား သောသူတို့ ၏ လမ်း သည်ဆုံးရှုံး ခြင်းသို့ ရောက်ရလိမ့်သတည်း။
Psalms 31:8အကျွန်ုပ် ကို ရန်သူ လက် သို့ မ အပ် ဘဲ ကျယ်ဝန်း သောအရပ်၌ နေရာ ချတော်မူ၏။