ထွက်မြောက်ရာကျမ်း 29:33
သူတို့ကို သန့်ရှင်းစေ၍၊ အရာ၌ ခန့်ထား စေခြင်းငှါ ၊ အပြစ် ဖြေရာ မင်္ဂလာပြုခြင်းနှင့် ဆိုင်သော အရာတို့ကို၊ သူတို့သည် စား ရကြမည်။ ထို အရာတို့သည် သန့်ရှင်း သောကြောင့် ၊ မဆိုင် သောသူ မ စား ရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 29
Cross References
Leviticus 10:13ထိုအကြွင်းသည် ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက သင် နှင့် သင် ၏ သား တို့ ခံထိုက်သောအဘို့ ဖြစ်၍၊ သန့်ရှင်း ရာဌာန တော်၌ စား ရကြမည်။ ထိုပညတ် တော်ကို ငါခံရပြီ။
Leviticus 22:10တပါး အမျိုးသားသည် သန့်ရှင်း သောအရာကို မ စား ရ။ ယဇ်ပုရောဟိတ် ၌ တည်းနေသောဧည့်သည် မစားရ။ သူငှါး လည်း မ စား ရ။
Numbers 1:51တဲ တော်ကို ယူသွား ချိန် ရောက်သောအခါ ၊ လေဝိ သားတို့သည် ရုပ်သိမ်း ရမည်။ နေရာ ချချိန်ရောက်သောအခါ ၊ ထူထောင် ပြန်ရမည်။ လေဝိ အမျိုးသားမှတပါး အခြား သော အမျိုးသားသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်။
Numbers 3:38မောရှေ နှင့် အာရုန် မှစ၍၊အာရုန် ၏ သား တို့ သည်၊ ဣသရေလ အမျိုးသား တို့အဘို့ ၊ သန့်ရှင်း ရာဌာန တော်ကို စောင့် လျက်၊ ပရိသတ်စည်းဝေး ရာတဲ တော် အရှေ့ မျက်နှာ၌ နေရာ ချရမည်။ သူတို့အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင် အသေ သတ်ခြင်းကိုခံရမည်။
Numbers 16:40ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
Numbers 18:7ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။