တောလည်ရာကျမ်း 18:7
ထိုကြောင့် သင် နှင့် သင် ၏သား တို့သည်၊ ယဇ်ပလ္လင် နှင့်ဆိုင်သောအမှု ၊ ကုလားကာ အတွင်း ၌ ဆောင်ရွက် စရာအမှုရှိသမျှ တို့ကို၊ ယဇ်ပုရောဟိတ် ပြု၍ ဆောင်ရွက် ရကြမည်။ သင်တို့အား ကျေးဇူးပြု၍ ယဇ်ပုရောဟိတ် အရာကို ငါပေး ပြီ။ မ ဆိုင်သောသူသည် အနီးအပါး သို့ ချဉ်းကပ်လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 28:1သင် ၏အစ်ကို အာရုန် ၌ ဘုန်း အသရေထင်ပေါ်စေခြင်းငှာ ၊ သန့်ရှင်း သော အဝတ် ကို လုပ် ၍ပေး ရမည်။
Leviticus 7:35ထိုသို့ အာရုန် နှင့် သူ ၏သား တို့သည်၊ ထာဝရဘုရား ရှေ့တော်မှာ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့ကို ခန့် ထားသောနေ့ ၌ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာများထဲက ၊ သူတို့ခံရသောအဘို့ ဖြစ်၏။
Leviticus 16:12အာရုန် သည် မိမိ နှင့် ဆိုင်သော အပြစ် ဖြေရာယဇ်နွား ကို ဆောင် ခဲ့ပြီးလျှင် ၊ မိမိ အဘို့ နှင့် မိမိ အိမ်သူ အိမ်သားများအဘို့ အပြစ် ဖြေခြင်းကို ပြု၍ ၊ မိမိ နှင့် ဆိုင်သော အပြစ် ဖြေရာယဇ်နွား ကိုသတ် ရမည်။
Numbers 3:10အာရုန် နှင့် သူ ၏သား တို့ကိုလည်း ခန့်ထား ၍၊ သူတို့သည် ယဇ်ပုရောဟိတ် အမှုကို စောင့် ရကြမည်။ သူ၏အမျိုးမှတပါး၊ အခြား သောသူသည် ချဉ်းကပ် လျှင်၊ အသေ သတ်ခြင်းကိုခံရမည်ဟု မိန့်တော်မူ၏။
Numbers 16:5တဖန် မောရှေက၊ အဘယ်သူ သည် ထာဝရ ဘုရား ၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်း သည်ကို၎င်း၊ အဘယ်သူကို ချဉ်းကပ် စေမည်ကို၎င်း၊ နက်ဖြန် နေ့၌ ထာဝရဘုရား ပြ တော်မူမည်။ ရွေးကောက် တော်မူသောသူ ကိုလည်း အနီးအပါးသို့ ချဉ်းကပ် စေတော်မူမည်။
Numbers 18:4သူတို့သည် သင် တို့နှင့်အတူ ကူညီ ၍ ၊ ပရိသတ် စည်းဝေး ရာ တဲ တော်ကို စောင့် လျက်၊ တဲ တော်အမှု ရှိသမျှ ကို ထမ်းရကြမည်။ မ ဆိုင်သောသူသည် သင် တို့အနီး သို့ မချဉ်းမ ကပ်ရ။