ထွက်မြောက်ရာကျမ်း 3:14
ဘုရား သခင်ကလည်း ၊ ငါဖြစ် သည်အတိုင်း ငါဖြစ် ၏ဟူ၍၎င်း ၊ ငါဖြစ် သည်ဟု အမည်ရှိသောသူသည်၊ ငါ့ ကိုသင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြော လော့ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 3
Cross References
Exodus 6:3ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ၊ အနန္တ တန်ခိုးရှင်၊ ဘုရား သခင်နာမနှင့် ထင်ရှား သော်လည်း ၊ ထာဝရဘုရား နာမ အားဖြင့်သူ တို့သည် ငါ့ကို မ သိ ကြ။
Job 11:7သင်သည် ဘုရား သခင်၏ ဇာတိတော်ကို စစ်၍ တွေ့ နိုင်သလော။ အနန္တ တန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင်နားလည် နိုင်သလော။
Psalms 90:2တောင် များကို မ ဘော်၊ မြေကြီး နှင့် လောကဓါတ် ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍ ၊ နောက်ကမ္ဘာ အဆက်ဆက်တိုင်အောင် ဘုရား သခင်ဖြစ်တော်မူ၏။
Isaiah 44:6ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား ၊ ဣသရေလ အမျိုးကို ရွေးနှုတ် သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရား သခင်မ ရှိ။
Matthew 28:20ငါသည် သင် တို့အား ပေးသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် စေခြင်းငှာဆုံးမ ဩဝါဒပေးကြ လော့။ ငါ သည်လည်း ကပ် ကမ္ဘာကုန် သည်တိုင်အောင် သင် တို့နှင့်အတူ အစဉ်မပြတ် ရှိ သည် ဟု တပည့် တော်တို့ အား မိန့် တော်မူ၏။
John 8:58ယေရှု ကလည်း၊ ငါအမှန်အကန် ဆို သည်ကား၊ အာဗြဟံ မ ဖြစ် မှီငါ ဖြစ် ၏ ဟု မိန့် တော်မူ၏။