The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 3

1မောရှေ သည်၊ မိမိ ယောက္ခမ မိဒျန် ယဇ်ပုရောဟိတ် ယေသရော ၏သိုး ဆိတ်များကို ထိန်း စဉ် ၊ တော နောက်ဘက်သို့ ဆောင်သွား ၍ ၊ ဟောရပ် အမည်ရှိသောဘုရား သခင်၏တောင် သို့ ရောက် လေ၏။

2ထိုအခါ ဘုရား သခင်၏ ကောင်းကင်တမန် သည် ချုံ ထဲ က ထွက်သော မီးလျှံ ၌ ထင်ရှား ၏။ မောရှေသည် ကြည့် သောအခါ ၊ မီး လောင် ၍ ချုံ မ ကျွမ်း ဘဲ ရှိသည်ကို မြင် လျှင်၊

3အဘယ်ကြောင့် ချုံ မ ကျွမ်း ဘဲရှိသနည်း။ ဤ ထူးဆန်း သောရူပါရုံ ကို ငါသွား ၍ ကြည့်ရှု မည်ဟုဆို ၏။

4မောရှေသွား ၍ ကြည့်ရှု ကြောင်း ကို ထာဝရဘုရား မြင် တော်မူလျှင် ၊ မောရှေ ၊ မောရှေ ဟု ချုံ ထဲ က ခေါ် တော်မူ၏။ မောရှေကလည်း၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လေ၏။

5ဘုရားသခင်ကလည်း၊ မ ချဉ်း နှင့်။ သင် ၏ခြေနင်း ကို ချွတ် လော့။ သင် နင်း သော အရပ် ကား သန့်ရှင်း သော မြေ ဖြစ်သည်ဟူ၍၎င်း၊

6ငါ သည်သင့် အဘ ၏ဘုရား ၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဖြစ်သည်ဟူ၍၎င်း မိန့် တော်မူ၏။ မောရှေ သည် ဘုရား သခင်ကို မ ကြည့် ဝံ့၊ မိမိ မျက်နှာ ကို ဖုံး လျက်နေ၏။

7ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်၌ ရှိသောငါ ၏လူ တို့ခံရသောညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ကို စေခိုင်း သော သခင်တို့ကြောင့် သူ တို့မြည်တမ်း သောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့နာကြည်း ခြင်း ဝေဒနာကို ငါသိ ၏။

8သူ တို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တု လူတို့လက် မှ ကယ်နှုတ် ၍ ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် ခြင်းငှါ ငါဆင်း လာပြီ။

9ယခု တွင်လည်း ဣသရေလ အမျိုးသား တို့ ငိုကြွေးသောအသံ သည် ငါ့ ထံ သို့တက်ရောက် ၍ ၊ သူ တို့ကို အဲဂုတ္တု လူတို့သည် ညှဉ်းဆဲ ခြင်းအမှုကိုလည်း ငါမြင် ရပြီ။

10ထိုကြောင့် ယခု သွား လော့။ သင်သည် ငါ ၏လူ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင် မည်အကြောင်း ၊ သင့် ကိုဖါရော ဘုရင်ထံ သို့ငါစေလွှတ် မည်ဟု မိန့် တော်မူ၏။

11မောရှေ ကလည်း ၊ အကျွန်ုပ် သည် အဘယ်သို့ သောသူဖြစ်၍၊ ဖါရော ဘုရင်ထံ သို့ဝင် သဖြင့် ၊ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်ရပါမည်နည်းဟု ဘုရား သခင်အား လျှောက် လျှင်၊

12ဘုရားသခင်က၊ အကယ်စင်စစ် ငါသည် သင့် ဘက် ၌ရှိ လိမ့်မည်။ ငါ သည် သင့် ကိုစေလွှတ် ခြင်း လက္ခဏာ သက်သေဟူမူကား၊ သင် သည်ထို လူ တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ဆောင်ပြီးလျှင်၊ ဤ တောင် ပေါ် မှာ ဘုရား သခင်အား ဝတ်ပြု ရကြလိမ့်မည်ဟု မိန့် တော်မူ၏။

13မောရှေ ကလည်း ၊ အကျွန်ုပ် သည် ဣသရေလ အမျိုးသား တို့ ရှိရာသို့ ရောက် ၍ ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်သည် ငါ့ ကိုသင် တို့ ရှိရာသို့ စေလွှတ် တော်မူပြီဟု အကျွန်ုပ်ဆို လျှင်၊ သူတို့က၊ ထိုဘုရား သခင်၏ နာမ တော်ကား အဘယ်သို့ နည်းဟု အကျွန်ုပ် ကို ပြန်၍ မေး သောအခါ ၊ အဘယ်သို့ ပြန်ပြော ရပါမည်နည်းဟု ဘုရား သခင်အား မေး လျှောက်လေ၏။

14ဘုရား သခင်ကလည်း ၊ ငါဖြစ် သည်အတိုင်း ငါဖြစ် ၏ဟူ၍၎င်း ၊ ငါဖြစ် သည်ဟု အမည်ရှိသောသူသည်၊ ငါ့ ကိုသင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြော လော့ဟူ၍၎င်း၊ မောရှေ အား မိန့် တော်မူ၏။

15တဖန် ဘုရား သခင်က၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည်၊ ငါ့ ကို သင် တို့ရှိရာသို့ စေလွှတ် တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြော ရမည်။ ထို အမည်သည် အစဉ် ငါ့ အမည် ဖြစ်၏။ လူမျိုး အစဉ်အဆက် မပြတ် ငါ့ ဘွဲ့ နာမ ဖြစ်၏။

16သွား ၍ ဣသရေလ အမျိုးအသက်ကြီး သူတို့ကို စုဝေး စေပြီးလျှင် ၊ သင် တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားတည်းဟူသောထာဝရဘုရား သည် ငါ့ အား ထင်ရှား တော်မူလျက်၊ အကယ်စင်စစ်သင် တို့ကို ငါအကြည့်အရှု လာ၍၊ အဲဂုတ္တု ပြည်၌ သင် တို့အား ပြု သောအမှုကိုငါမြင်ပြီ။

17အဲဂုတ္တု ပြည်၌ ခံရသောဒုက္ခ ထဲက သင် တို့ကို ငါနှုတ်၍၊ ခါနနိ လူ၊ ဟိတ္တ လူ၊ အာမောရိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့နေရာ ၊ နို့ နှင့် ပျားရည် စီး တတ်သော ပြည် သို့ ပို့ဆောင် မည် ငါဂတိ ရှိသည်ဟု မိန့် တော်မူပြီဟု သူ တို့အား ပြော လော့။

18သူတို့သည် သင် ၏စကား ကို နားထောင် ၍ ၊ သင် သည် ဣသရေလ အမျိုးသားအသက်ကြီး သူများပါလျက်၊ အဲဂုတ္တု ရှင်ဘုရင် ထံ သို့ဝင် သဖြင့် ၊ ဟေဗြဲ လူတို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့နှင့် တွေ့ တော်မူပြီ။ အကျွန်ုပ် တို့၏ဘုရား သခင်ထာဝရဘုရား အား ယဇ်ပူဇော် ခြင်းငှါတော သို့ သုံး ရက် ခရီး သွား ရသောအခွင့်ကိုပေး တော်မူပါဟု လျှောက် ရမည်။

19အဲဂုတ္တု ရှင်ဘုရင် သည် ကြီးစွာ သောတန်ခိုး ကို မ တွေ့မမြင်လျှင် ၊ သွား ရသောအခွင့်ကို သင် တို့အား မ ပေး ကြောင်းကို ငါ သိ ၏။

20ငါ သည်လည်း လက် ကိုဆန့် ၍ ၊ အဲဂုတ္တု ပြည်ထဲ ၌ ငါပြု လတံ့သော ငါ ၏အံ့ဘွယ် သောအမှုရှိသမျှ တို့နှင့် ထို ပြည်ကို ဒဏ်ခတ် မည်။ ထိုနောက် အဲဂုတ္တုရှင်ဘုရင်သည် သင် တို့ကို လွှတ် လိမ့်မည်။

21ထို လူမျိုး သည် အဲဂုတ္တု လူတို့ထံ၌ မျက်နှာရ သော အခွင့်ကို ငါပေး ၍ ၊ သင်တို့သည် ထွက် သွားသောအခါ လက်ချည်း မ သွား ရကြ။

22အကြောင်းမူကား၊ မိန်းမ တိုင်းမိမိ အိမ်နီးချင်း ၊ မိမိ အိမ် မှာ တည်း သောသူ၌ ငွေ တန်ဆာ ၊ ရွှေ တန်ဆာ နှင့် အဝတ် တန်ဆာများကို တောင်း ၍ ၊ သင် တို့သား သမီး များကို တန်ဆာဆင် စေသဖြင့် ၊ အဲဂုတ္တု လူတို့၏ဥစ္စာကို လုယူ ကြလိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။

← ထွက်မြောက်ရာကျမ်း 2Read In The App, Free →ထွက်မြောက်ရာကျမ်း 4 →

Study ထွက်မြောက်ရာကျမ်း 3

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940