ထွက်မြောက်ရာကျမ်း 30:34
တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသောနတပ်စေး ၊ မွှေး သော ငါးခွံ ၊ ဂါလဗန် စေး၊ စင် သော လောဗန် စေးတို့ကို အညီအမျှ ချိန် ယူ၍ ၊
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ထွက်မြောက်ရာကျမ်း 30
Cross References
Exodus 25:6လိမ်း ရန်ဆီ ဘော်ဘို့ ၊ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ရာ၊ နံ့သာ မျိုး၊ မီးထွန်း စရာ ဆီ ၊
Exodus 30:23သင် သည် မြတ်သောနံ့သာ မျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ် သော မုရန် စေး အကျပ်ငါးရာ ၊ မွှေး သော သစ်ကြံပိုး နှစ်ရာ ငါးဆယ် ၊ မွှေး သောကြံ နှစ်ရာ ငါးဆယ် ၊
Leviticus 2:1ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ ပြုလိုလျှင် ၊ မုန့်ညက် ကို ဆက် ရမည်။ မုန့်ညက် အပေါ် မှာ ဆီ ကိုလောင်း ၍ ၊ လောဗန် ကိုလည်း ထည့် ပြီးမှ၊
Leviticus 5:11ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို မ တတ် နိုင်လျှင် ၊ ပြစ်မှား သော သူ သည် အပြစ် ဖြေရာယဇ် အရာ၌ မုန့်ညက် တဩမဲကို ဆောင် ခဲ့၍ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သောကြောင့် ဆီ ကို မ လောင်း ရ။ လောဗန် ကို မ တင် ရ။
Leviticus 24:7ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောအောက်မေ့ တော်မူဘို့ ရာ ဖြစ်စေ ခြင်းငှါ ထိုမုန့်နှစ်ပုံပေါ် မှာ စင်ကြယ် သော လောဗန် ကို တင် ထားရမည်။
1 Chronicles 9:29အချို့တို့သည်လည်း၊ သန့်ရှင်း ရာဌာနတော် တန်ဆာ များ၊ အသုံးအဆောင် များ၊ မုန့်ညက် ၊ စပျစ်ရည် ၊ ဆီ ၊ လောဗန် ၊ နံ့သာမျိုး များကို ပြုစု ၍စောင့်ရကြ၏။