The Bible Software
ထွက်မြောက်ရာကျမ်း · မြန်မာကျမ်းစာ

ထွက်မြောက်ရာကျမ်း 30

1တနည်းကား၊ နံ့သာ ပေါင်းကို မီးရှို့ စရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့် လုပ် ရမည်။

2ထိုပလ္လင်သည် အလျား တတောင် ၊ အနံ တတောင် ၊ စတုရန်း လေးထောင့်ဖြစ်၍ ၊ အမြင့် နှစ်တောင် ရှိ ရမည်။ ဦးချို တို့ကိုလည်း အကာရှသား ဖြင့် ပြီး စေရမည်။

3ပလ္လင်ထိပ် ၊ နံရံ ၊ ဦးချို တို့ကို ရွှေ စင် နှင့် မွမ်းမံ ၍ ၊ အပေါ်နားပတ်လည် ၌ ကွပ်သော ရွှေ တန်ဆာ ကိုလည်း လုပ် ရမည်။

4ရွှေတန်ဆာ အောက်၊ ပလ္လင် တဘက် တချက်ထောင့်၌ ရွှေ ကွင်း နှစ် ကွင်းကို လုပ် ၍၊ ပလ္လင် ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။

5ထမ်းဘိုး တို့ကို အကာရှ သား နှင့် လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။

6ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ သက်သေခံ ချက် ထားသောသေတ္တာ ကို၊ ကာသော ကုလားကာ ရှေ့ ၌ ထိုပလ္လင် ကို ထား ရမည်။

7အာရုန် သည် နံနက် တိုင်း မီးခွက် တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေး သော နံ့သာ ပေါင်းကို ရှို့ ရမည်။

8ညဦး ယံ၌ လည်း မီးခွက် တို့ကို ထွန်း သောအခါ ၊ ထိုပလ္လင်ပေါ်မှာ နံ့သာ ပေါင်းကို ရှို့ ရမည်။ ထိုသို့ သင် တို့သား စဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ အစဉ်အမြဲ ပြုရသော နံ့သာပေါင်းရှို့ခြင်း ဖြစ်သတည်း။

9ထိုပလ္လင် ပေါ် မှာ ထူးခြား သော နံ့သာ ပေါင်းကို မရှို့ရ။ မီးရှို့ သော ယဇ်ကို မပြုရ။ ဘောဇဉ်ပူဇော်သက္ကာ ကိုလည်း မပြုရ။ သွန်းလောင်း ရာ ပူဇော်သက္ကာကိုလည်း မ ပြု ရ။

10အာရုန် သည် တနှစ် တခါ အပြစ် ဖြေ ရာယဇ် ကောင်အသွေး ကိုယူ၍၊ ထိုပလ္လင် ၏ ဦးချို တို့၌ အပြစ် ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင် တို့သား စဉ်မြေးဆက်တို့သည် တနှစ် တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရား အား အလွန်သန့်ရှင်း သော ယဇ်ပလ္လင်ဖြစ်သည်။

11တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊

12ဣသရေလ အမျိုးသား တို့ကို ရေတွက် ၍ စာရင်းယူသောအခါ ၊ ဘေး လွတ် မည်အကြောင်းရှိသမျှတို့ သည် အသီးအသီးမိမိ အသက် ရွေးရန် အဘိုး ကို ထာဝရဘုရား အား ဆက်ကပ် ရမည်။

13ရေတွက် ၍ စာရင်းဝင် သော သူအပေါင်း တို့သည် အကျပ် တော်အလိုက် ၊ ငွေအကျပ် တဝက် စီ ထာဝရဘုရား အား ဆက်ကပ် ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ် ဖြစ်သတည်း။

14အသက် နှစ်ဆယ် မှစ၍ ၊ ပိုလွန် သောသူ အပေါင်း တို့သည် စာရင်း ဝင်၍၊ ထိုသို့သော ပူဇော် သက္ကာကို ထာဝရဘုရား အားပြု ရမည်။

15ကိုယ် အသက် ကို ရွေး ခြင်းငှါ ၊ ထာဝရဘုရား အား ပူဇော် သက္ကာကို ပြု သောအခါ၊ ငွေ ရတတ်သောသူတို့ သည် မ ပို ၊ ဆင်းရဲ သောသူတို့ သည် မ လျှော့ ဘဲ၊ လူတိုင်း အကျပ် တဝက် စီ ပေးရမည်။

16ဣသရေလ အမျိုးသား တို့၏ အရွေး ငွေ ကို ယူ ၍ သူ တို့အသက် ကို ရွေး ခြင်းငှာ ၊ ထာဝရဘုရား ရှေ့ တော်၌ ဣသရေလ အမျိုးသား တို့၏ သက်သေ ဖြစ် ရမည်အကြောင်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်စရိတ် အဘို့ အလိုငှာ ထား ရမည်ဟု မိန့် တော်မူ၏။

17တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူသည်ကား၊

18အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေး စရာဘို့ ကြေးဝါ ခြေထောက် ပါသောကြေးဝါ အင်တုံ ကို လုပ် ၍ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် ယဇ်ပလ္လင် စပ်ကြား ၌ ထား ရမည်။

19သူ တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ဝင် သော် ၎င်း၊

20အမှုတော် ကို ထမ်း၍ ထာဝရဘုရား အား မီးရှို့ သောယဇ်ကို ပူဇော် ခြင်းငှာ ၊ ယဇ်ပလ္လင် အနားသို့ ချဉ်းကပ် သော် ၎င်း၊

21သေ ဘေးနှင့် ကင်းလွတ် မည်အကြောင်း ၊ မိမိတို့လက်ခြေကို ဆေး ရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုးအနွယ် အစဉ်အဆက်တို့သည် စောင့်ရသောပညတ်တော်ဖြစ်သတည်းဟု မိန့် တော်မူ၏။

22တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊

23သင် သည် မြတ်သောနံ့သာ မျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ် သော မုရန် စေး အကျပ်ငါးရာ ၊ မွှေး သော သစ်ကြံပိုး နှစ်ရာ ငါးဆယ် ၊ မွှေး သောကြံ နှစ်ရာ ငါးဆယ် ၊

24သစ်ကြံပိုး တမျိုးငါးရာ ၊ သံလွင် ဆီ တဟိန် ကို ယူ၍၊

25ဆေးသမားအတတ် နှင့် ဖယောင်း ဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်း ရန်ဆီ တည်းဟူသောသန့်ရှင်း သော နံ့သာ ဆီကို ဘော် ပြီးမှ ၊

26ပရိသတ်စည်းဝေး ရာ တဲ တော်နှင့် သက်သေခံ ချက်သေတ္တာ ကို၎င်း၊

27စားပွဲ နှင့် စားပွဲတန်ဆာ ရှိသမျှ ကို၎င်း၊ မီးခုံ နှင့် မီးခုံတန်ဆာ ကို၎င်း ၊ နံ့သာ ပေါင်းရှို့သောပလ္လင် ၊

28မီးရှို့ ရာ ယဇ်ပူဇော်သောပလ္လင် နှင့် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် အင်တုံခြေထောက် ကို၎င်း၊ ထိုနံ့သာ ဆီနှင့် လိမ်း သဖြင့် ၊

29ထို အရာတို့ကို အလွန်သန့်ရှင်း စေ ခြင်းငှာ ၊ ထိုသို့ သန့်ရှင်း စေရမည်။ ထို အရာတို့နှင့် တွေ့ သမျှသော အရာသည် သန့်ရှင်း သောအရာဖြစ်ရမည်။

30အာရုန် နှင့် သူ ၏သား တို့ကို လိမ်း ၍ ၊ သူ တို့သည် ငါ့ ရှေ့ ၌ ယဇ်ပုရောဟိတ် အမှုကို ဆောင်စေခြင်းငှာ ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထား ရမည်။

31ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သား စဉ်မြေးဆက်အပေါင်းတို့၌ ဤဆီ သည်၊ ငါ့ အဘို့ သန့်ရှင်း သော လိမ်း ရန်ဆီ ဖြစ် ရမည်။

32လူ ၏ကိုယ် ပေါ် မှာ မ လောင်း ရ။ ထိုဆီကို ဘော်သည်နည်းတူ ၊ အခြားသောဆီကို မ ဘော် ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။

33ထိုဆီနှင့်တူ အောင် ဘော် သော သူ ၊ မ ဆိုင်သောလူ၌ လိမ်း သောသူ မည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။

34တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသောနတပ်စေး ၊ မွှေး သော ငါးခွံ ၊ ဂါလဗန် စေး၊ စင် သော လောဗန် စေးတို့ကို အညီအမျှ ချိန် ယူ၍ ၊

35ဆေးသမားအတတ် နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူရောနှော၍၊ သန့်ရှင်း စင်ကြယ် သော နံ့သာ ပေါင်းကို ဘော် ရမည်။

36အချို့ ကိုလည်း ညက်ညက်ထောင်း ပြီးမှ ၊ ငါသည် သင် နှင့် တွေ့ ရာအရပ် ၊ ပရိသတ်စည်းဝေး ရာတဲ တော်၌ သက်သေခံ ချက်ရှေ့ မှာ ထား ရမည်။ သင် တို့တွင် အလွန်သန့်ရှင်း ရမည်။

37ထိုသို့ သောနံ့သာ ပေါင်းကို ဘော် သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ် သုံးဘို့ မ ဘော် ရ။ သင် တို့တွင် ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။

38အကြင် သူ သည် မိမိရှူ စရာဘို့ ထိုနံ့သာပေါင်း နှင့် တူ အောင်ဘော် ၏။ ထိုသူသည် မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။

← ထွက်မြောက်ရာကျမ်း 29Read In The App, Free →ထွက်မြောက်ရာကျမ်း 31 →

Study ထွက်မြောက်ရာကျမ်း 30

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213141516171819202122232425262728293031323334353637383940