ထွက်မြောက်ရာကျမ်း 30:38
အကြင် သူ သည် မိမိရှူ စရာဘို့ ထိုနံ့သာပေါင်း နှင့် တူ အောင်ဘော် ၏။ ထိုသူသည် မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
Whosoever shall make like unto that, to smell thereto, shall even be cut off from his people.
In Context
Read all of ထွက်မြောက်ရာကျမ်း 30
Cross References
Exodus 12:15ခုနစ် ရက် ပတ်လုံးတဆေး မပါသောမုန့်ကို စား ရမည်။ ပဌမ နေ့ရက် ၌ တဆေး ကို အိမ် များမှ ပယ် ရမည်။ ပဌမ နေ့ မှစ၍ ခုနစ် ရက် နေ့တိုင်အောင် ၊ တဆေး ပါသောမုန့်ကို စား သောသူ မည်သည်ကား၊ ဣသရေလ အမျိုးမှ ပယ်ရှင်း ခြင်းကိုခံရမည်။
Exodus 31:14ဥပုသ် နေ့သည် သင် တို့အား သန့်ရှင်း သောကြောင့် ထိုနေ့ကို စောင့် ရကြမည်။ ဥပုသ် နေ့ကို ဖျက် သောသူတိုင်း အသေခံ ရမည်။ ထိုနေ့ ၌ အလုပ်လုပ် သော သူမည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်။
Leviticus 17:4ဣသရေလ အမျိုးသားတစုံ တယောက်သည် သိုး ၊ ဆိတ် ၊ နွား ကို တပ် ထဲ မှာ သတ် သည်ဖြစ်စေ ၊ တပ် ပြင် မှာ သတ် သည်ဖြစ်စေ၊
Numbers 9:13ညစ်ညူး ခြင်းမရှိ၊ အခြားတပါးသို့ ခရီး မ သွား သောသူသည် ပသခါ ပွဲကို မ ခံ ပဲနေလျှင်၊ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။ ချိန်းချက် သော အချိန်၌ ထိုသူသည်၊ ထာဝရဘုရား အဘို့ ပူဇော်သက္ကာ ကို မ ဆောင် ခဲ့ သောကြောင့်မိမိ အပြစ် ကိုခံရ မည်။